ဗဟိုကော်မတီဝင်နှင့်အဖွဲ့ ပညာသင်စရိတ် ပံ့ပိုးလှူဒါန်း

ကယားပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟို ကော်မတီဝင် ဦးလူရယ်ဘိုးလူနှင့် ပြည်နယ်ပါတီကော်မတီဝင် ဦးကျော်မြင့်၊ ဦးအောင်ဆန်း၊ ဦးတင်ဦး၊ လွိုင်ကော်ခရိုင်ပါတီ အတွင်းရေးမှူး ဦးသိန်းဇော်၊ လွိုင်ကော်မြို့နယ်ပါတီ ကော်တီဝင် ဦးမောင်ရွှေ၊ ဦးလင်းမြတ်ဦး၊ ဦးကူးရယ် နှင့် ပြည်နယ်ပါတီရုံးအဖွဲ့တို့သည် ဇွန်လ (၁၄) ရက် နံနက် (၁၀) နာရီခွဲ အချိန်က လွိုင်ကော်မြို့၊ ခလရ-၅၄ တပ်ရင်းသို့ သွားရောက်ပြီး တပ်ကြပ် စောသောဒေါ၏ သမီး နောထူးဖော (ခ) နော်ဒါးခု (လက်နှစ်ဖက်မပါ) သည် ၂၀၁၅-၂၀၁၆ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းကို အောင်မြင်ခဲ့သည့် အတွက် ငွေကျပ် (၁၅၀၀၀၀ိ/-) သွားရောက် ပံ့ပိုး ပေးခဲ့ကြောင်း သတင်း ရရှိသည်။


Leave a Reply