တိုင်း၊ ခရိုင်၊ မြို့နယ်ပါတီ မျက်နှာစုံညီစည်းဝေးကျင်းပနိုင်ရေး တွေ့ဆုံ ဆွေးနွေး

တနင်္သာရီတိုင်းဒေသကြီး၊ တိုင်း၊ ခရိုင်နှင့် မြို့နယ်ပါတီ မျက်နှာစုံညီ အစည်းအဝေး ကျင်းပပြုလုပ်နိုင် ရေးနှင့် ပတ်သက်၍ တွေ့ဆုံဆွေးနွေးပွဲကို ဇွန်လ (၁၃) ရက် နံနက် (၁၀) နာရီအချိန်က ထားဝယ်မြို့ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံး အစည်းအဝေးခန်မး၌ ပြုလုပ်ခဲ့ရာ ပါတီ ဗဟိုအရံကော်မတီဝင် ဦးသန်းအောင်က မျက်နှာစုံညီအစည်းအဝေးများ ကျင်းပနိုင်ရေး စီစဉ်ဆောင်ရွက်ထားမှုကို ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ မြို့နယ်နှင့် ခရိုင်များမှလည်း ကြိုတင်ပြင်ဆင်ထားရမည့် လုပ်ငန်းများကို စီစဉ်ဆောင်ရွက် ထားရန်ပြောကြားခဲ့သည်။

အဆိုပါတွေ့ဆုံပွဲသို့ ပါတီဝင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ၀န်ကြီးဟောင်း ဦးအောင်ကျော်ကျော်ဦး၊ ပါတီဗဟိုကော်မတီဝင်၊ တိုင်းဒေသကြီးပါတီ အတွင်းရေးမှူး ဦးကျော်ဝင်း (၁) နှင့် တိုင်းပါတီကော်မတီ ၀င်များ၊ ခရိုင်ပါတီအတွင်းရေးမှူး ဦးထိန်ဝင်းနှင့် ကော်မတီဝင်များ၊ ထားဝယ်မြို့နယ် ပါတီ အတွင်းရေးမှူး ဦးအောင်စိန်နှင့် ကော်မတီဝင်များ၊ ရေဖြူ၊ လောင်းလုံးနှင့် သရက်ချောင်းမြို့နယ်တို့မှ မြို့နယ်ပါတီ အတွင်းရေးမှူးများနှင့် ကော်မတီဝင် (၃) ဦးစီ စုစုပေါင်း (၃၇) ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။


Leave a Reply