မလှိုင်မြို့နယ်ပြည်ခိုင်ဖြိုးပါတီ ကျေးရွာပါတီဝင်များနှင့်တွေ့ဆုံထောက်ပံ့

 

မလှိုင် ဇူလိုင် ၈

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင် မလှိုင်မြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ မလှိုင်မြို့နယ်အတွင်းရှိ ကျေးရွာပါတီ ဥက္ကဋ္ဌများနှင့်တွေ့ဆုံခြင်း ကျန်းမာရေးချို့တဲ့သော ပါတီဝင်များအတွက် ကျန်းမာရေးစောင့်ရှောက်မှုထောက်ပံ့ခြင်းများကို ယမန်နေ့ နံနက် ၈နာရီမှ စတင်၍ ညနေထိပြုလုပ်ခဲ့ကြောင်း သိရသည်။

”မလှိုင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက ပါတီကော်မတီဝင်တွေစုပေါင်းပြီး မြို့နယ်အတွင်းမှာရှိတဲ့ထမ္မကြီးအုပ်စု မင်းရွာ၊ ထမ္မကြီးကျေးရွာ၊ ကြိုးကြာဥကျေးရွာနဲ့ဖက်ကုန်းအုပ်စု ဖက်ကုန်း ကျေးရွာ ကူနီ၊ ကူခွဲ၊ သရက္ကန်ကျေးရွာတွေမှာရှိတဲ့ ပါတီကော်မတီဥက္ကဋ္ဌ တွေ ပါတီဝင်တွေ အမာခံကေဒါတွေကို ကွင်းဆင်းသွားရောက်တွေ့ဆုံ ခဲ့ပါတယ်။ ကျေးရွာတွေမှာရှိတဲ့ ကျန်းမာရေးချို့တဲ့နေတဲ့ ပါတီဝင်တွေ အတွက် ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ပါတယ်”ဟု မလှိုင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးစိုးသိန်းကပြောသည်။

မလှိုင်မြို့ ပြည်ခိုင်ဖြိုးပါတီမှ ကျေးရွာပါတီဝင်များနှင့်တွေ့ဆုံခဲ့ပြီး ကျန်းမာရေးထောက်ပံ့ပေးအပ်ခြင်းများကို ညနေ ၄နာရီအထိ ကွင်းဆင်း ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဘိုဘို(မလှိုင်)