ရန်ကုန်တိုင်းပြည်ခိုင်ဖြိုး သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်

 

ရန်ကုန် ဇန်နဝါရီ ၈

ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ် မဇ္စျိမ ဂုဏ်ရည်မဟာစည်တောရကျောင်းတိုက် ဆရာတော် နှင့် စာချစာသင်သံဃာတော်များအား ရန်ကုန်တိုင်း ဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မှ ယမန်နေ့နံနက် ၁ဝ နာရီတွင် နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့သည်။

အဆိုပါ နေ့ဆွမ်းဆပ်ကပ်လှူဒါန်းပွဲသို့ ရန်ကုန် တိုင်းဒေသကြီးပြည်ခိုင်ဖြိုးပါတီကိုယ်စား လှည်းကူး မြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌဦးမြတ်စိုးနှင့် မြို့နယ် ကော်မတီဝင်များတက်ရောက်၍ ဆက်ကပ်လှူဒါန်း ကြသည်။

အစီအစဉ်အရ မဇ္စျိမဂုဏ်ရည် မဟာစည်တောရ ကျောင်းတိုက်ဆရာတော်ထံမှ ငါးပါးသီလ ခံယူ ဆောက်တည်ပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက် ချ အနုမောဒနာတရားနာယူခဲ့ကြကြောင်း သိရ သည်။

ထိန်ဝင်း(YGN)