ခရီးသွားစဉ် အခက်အခဲကြုံနေသူကို မြို့နယ်ပါတီဥက္ကဋ္ဌ ထောက်ပံ့ကူညီ

 

ကျောက်တံခါး ဇန်နဝါရီ ၈

ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌဖြစ်သူ ဦးကျော်ဆန်းဦးသည် ယမန်နေ့ နံနက်ပိုင်းက ခရီးသွားလာစဉ် မျက်စိလည်လမ်းမှား၍ စရိတ်ပြတ်နေသော မွန်ပြည်နယ်ဘီးလင်းမြို့နယ်မှ ပြည်ခိုင်ဖြိုးပါတီဝင်ဖြစ်သူ ဦးစိုးဝင်း (၅၆နှစ်)သည် မြို့နယ်ပါတီရုံးသို့ လာရောက်၍ တင်ပြအကူအညီ တောင်းခဲ့သဖြင့် ခရီးသွားလာမှုအဆင်ပြေစေရန်အတွက် မြို့နယ် ပါတီဥက္ကဋ္ဌဖြစ်သူက လိုအပ်သည်များကို စီစဉ်ဆောင်ရွက်ပေးခဲ့ ကြောင်း သိရသည်။

ဖြိုးကိုလင်း(ညောင်ဝိုင်း)