ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌဦးသန်းဌေး ဦးဆောင်သော အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ အိန္ဒိယဖောင်ဒေးရှင်းနှင့်တွေ့ဆုံကာ နှစ်နိုင်ငံဆက်ဆံရေးနှင့် အကျိုးတူပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်ရန်ဆွေးနွေး

 

ရန်ကုန် ဖေဖော်ဝါရီ ၂၆

အိန္ဒိယသမ္မတနိုင်ငံ၏ဖိတ်ကြားချက်အရ အိန္ဒိယနိုင်ငံ နယူး ဒေလီမြို့သို့ရောက်ရှိနေသော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီဥက္ကဋ္ဌ ဦးသန်းဌေး ဦးဆောင်သည့် အဆင်မြင့်ကိုယ်စားလှယ် အဖွဲ့သည် ယနေ့ဒေသစံတော်ချိန် နံနက် ၁ဝ နာရီမှ မွန်းလွဲ ၁ နာရီအထိအိန္ဒိယဖောင်ဒေးရှင်းဥက္ကဋ္ဌ Alok Bansal ၊ ပညာရှင်များ၊ နိုင်ငံတကာဆက်ဆံရေးနှင့် မဟာဗျူဟာပိုင်းဆိုင်ရာ ကျွမ်းကျင် သူများ၊ အငြိမ်းစားသံအမတ်ကြီးများနှင့် ပြည်ပရေးရာ ဝန်ကြီး ဌာနမှတာဝန်ရှိသူများနှင့်တွေ့ဆုံကာ အိန္ဒိယ-မြန်မာ ဆက်ဆံရေး နှင့် အကျိုးတူပူးပေါင်းဆောင်ရွက်ရေးများ၊ ရှေ့လုပ်ငန်းစဉ်များ ညှိနှိုင်းဆွေးနွေးခြင်းတို့အား နယူးဒေလီမြို့တော်ရှိ Oberoi Hotel အစည်းအဝေးခန်းမတွင်ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။
ထို့အပြင် ပါတီဥက္ကဋ္ဌဦးသန်းဌေး ဦးဆောင်သော အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့သည်ဒေသစံတော်ချိန် မွန်းလွဲ ၂ နာရီမှ ညနေ ၄ နာရီအထိ စီးပွားရေးလုပ်ငန်းရှင်များ၊ မြန်မာနိုင်ငံနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်လိုသောဘဏ်များ၊ စီးပွားရေးအဖွဲ့အစည်းများ မှကိုယ်စားလှယ်များနှင့်တွေ့ဆုံဆွေးနွေးခဲ့ကြောင်းသတင်းရရှိသည်။