မိုင်းဖြတ်ပြည်ခိုင်ဖြိုးပါတီမှ မြို့နယ် EC လစဉ်ပုံမှန်အစည်းအဝေးပြုလုပ် ကျင်းပ

 

ယမန်နေ့ (၂၆.၂.၂၀၁၉) ရက်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မိုင်းဖြတ်ခရိုင်နှင့်မြို့နယ် လစဉ်ပုံမှန် EC များ အစည်းအဝေးကို (၁၀) နာရီအချိန်တွင် အစည်းအဝေးကို စတင်ခဲ့သည်။

ဦးစွာအနေဖြင့် ခရိုင်ဥက္ကဌ ဦးညွန့်ဝင်းမှ ပါတီတွင်း စည်းလုံးညီညွတ်မှု ရှိစေရန်၊ စိတ်ဝမ်းမကွဲစေရန် ပြောကြားသည်။ ဆက်လက်၍ မြို့နယ်ကော်မတီဝင် ဦးကျော်ရွေမှ အလုပ်သမားအဖွဲ့ကိစ္စ ဆွေးနွေးခြင်း၊ ဦးစိုင်းချစ်ငွေမှလည်း ထိအိုသင်းအဖွဲ့ကို ဖွဲ့ခွင့်ရရင် ကျေနပ်ကြောင်းပြောခြင်း၊ ဆက်လက်၍ မြို့နယ်ဥက္ကဌ ဦးစိုင်းရီတစ်မှ လစဉ်လုပ်ဆောင်ချက်များ တင်ပြရန်၊ (၂၅)ရက်နေ့တိုင်း တင်ပြသွားရန် ပြောကြားခြင်း၊ လစဉ်ပုံမှန် အစည်းအဝေးကို (၁၂) နာရီအချိန်တွင် အစည်းအဝေးအောင်မြင်စွာ ပြီးမြောက်ကြောင်း သိရှိခဲ့ရပါသည်။

ရှမ်းပြည်နယ် အရှေ့ပိုင်း သတင်းစုံ