မိုးရွာသွန်းမှုကြောင့် ရေဝင်ရောက်သည့်အိမ်များကို ပြည်ခိုင်ဖြိုးပါတီမှ သောက်ရေသန့်နှင့် ပစ္စည်းများပေးအပ်

မိတ္ထီလာခရိုင် မလှိုင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးစိုးသိန်းနှင့် ပါတီ ကော်မတီဝင် များသည် မိုးရွာသွန်းမှုကြောင့် နေအိမ်ခြံဝင်းအတွင်း ရေဝင်ရောက်ခဲ့သည့် ဆုံတွင်းကျေးရွာ အုပ်စုချောင်းတောင် ကျေးရွာ၊ဥယျာဉ် ကျေးရွာနှင့် ကုက္ကိုပင်ကျေးရွာများကို ယခုလ ၇ ရက်က သောက်ရေသန့်နှင့် ပစ္စည်းများ ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

ma-hlaing

အဆိုပါနေ့က မြို့နယ်ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌနှင့် ပါတီကော်မတီ ဝင်များက ချောင်းတောင်ကျေးရွာ၊ ဥယျာဉ်ကျေးရွာ နှင့် ကုက္ကိုပင်ကျေးရွာများမှ ရေဝင်ရောက်သည့် ၂၅ အိမ်ကို တစ်အိမ်ထောင်လျှင် လီတာ ၂ဝ ဝင် ရေသန့်ဘူးကြီး နှစ်ဘူး၊ ငါးခြောက်ကြော်နှစ်ထုပ်၊ ၁ဝ ထုပ်ပါ ယမ်ယမ်နှင့် မာမားခေါက်ဆွဲခြောက်များကို ထောက် ပံ့ခဲ့ကြောင်း သိရသည်။

”ခြံဝင်းထဲရေဝင်တာက တစ်ရက်၊ နှစ်ရက်ဆို ရေကျသွားမှာပါ။ ထမင်းဟင်းချက်စားလို့လည်းရပါတယ်။ အခက် အခဲဖြစ်နေတာက သောက်ရေပါ။ ဥယျာဉ်တစ်ရွာလုံး အသုံးပြုနေတဲ့ ကန်အောက်ဘက် သောက်ရေတွင်းက ပြိုကျ သွားလို့ ရေအခက်ခဲပဲရှိပါတယ်” ဟု ဥယျာဉ်ကျေးရွာသားတစ်ဦးက ပြောသည်။

မလှိုင်မြို့နယ်တွင် စက်တင်ဘာလနောက်ဆုံးပတ်မှ အောက်တိုဘာလဆန်းပိုင်းအထိ မိုးဆက်တိုက် ရွာသွန်းခဲ့ သဖြင့် ဆုံတွင်းကျေးရွာအုပ်စုရှိ ဆုံတွင်းကန်ရေပြည့်ဝင်ပြီး ကန်အထက်ဘက်ရှိ ဥယျာဉ်ရွာ၊ ကုက္ကိုပင်ရွာနှင့် ချောင်းတောင်ကျေးရွာတို့ရှိ လူနေအိမ်ခြံဝင်းအတွင်း ရေများဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သစ်သစ်


Leave a Reply