ကာမိုင်းမြို့ မီးဘေးသင့် မိသားစုဝင်များအား မြို့နယ်ပြည်ခိုင်ဖြိုးပါတီမှ ထောက်ပံ့ငွေပေးအပ်

 

ကချင်ပြည်နယ် မိုးညှင်းခရိုင် ကာမိုင်းမြို့ မီးဘေးသင့် မိသားစု ဝင်များအား ကာမိုင်း ပြည်ခိုင်ဖြိုး ပါတီမှ ထောက်ပံ့ငွေပေးအပ်ခဲ့ သည်။

ကာမိုင်းမြို့ မြို့မရပ်ကွက်၌ ဧပြီ ၂၇ ရက် ည၇ နာရီ မိနစ်၂ဝ ခန့်တွင် ဖယောင်းတိုင် မီးထွန်း ထားရာမှ မီးလောင်မှု ဖြစ်ပွားခဲ့ရာ လူနေအိမ်နှစ်လုံး မီးလောင်ဆုံးရှုံး ခဲ့ပြီး အဆိုပါမီးလောင်ကျွမ်းသွား သည့် နေအိမ်များအားယနေ့ နံနက် ပိုင်းတွင် မြို့ဌာနဆိုင်ရာ ဝန်ထမ်း များ၊ အုပ်ချုပ်ရေးမှူးအဖွဲ့ဝင်များ၊ ပြည်သူ့စစ်အဖွဲ့များနှင့် ဒေသခံ ပြည်သူများ ပူးပေါင်း၍ ရှင်းလင်း ဆောင်ရွက်ပေးခဲ့ကြကာ မီးဘေး သင့်ပြည်သူများအတွက် ထောက်ပံ့ ငွေနှင့်ရိက္ခာများကို ထောက်ပံ့ပေး အပ်ခဲ့ကြသည်။

အဆိုပါ မီးဘေးသင့်ပြည်သူ များ၏ စားဝတ်နေရေးအဆင် ပြေ စေရန် ပြည်သူ့လွှတ်တော်ကိုယ် စားလှယ်က တစ်အိမ်ထောင်လျှင် ငွေကျပ်တစ်သိန်းစီ၊ ကာမိုင်းပြည် ခိုင်ဖြိုးပါတီမှ တစ်အိမ်ထောင်လျှင် ငွေကျပ်ငါးသောင်းကျပ်စီ၊ဇီးကျွန်း ရပ်ကွက်နေမိသားစုများမှအိုး၊ခွက်၊ ပန်းကန်တို့အား ထောက်ပံ့ပေးအပ် ခဲ့ကြသည်။

EPN