တောင်တွင်းကြီး၌ ရပ်/ကျေး ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ တာဝန်ပေးအပ်

 

မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့နယ် ပြည်ခိုင်ဖြိုး ပါတီမှ ရပ်ကွက်နှင့်ကျေးရွာအုပ်စု ပါတီဥက္ကဋ္ဌတာဝန်များ ကွင်းဆင်း ပေးအပ်လျက်ရှိရာ ယမန်နေ့ ညပိုင်းက အုန်းတော(၂)ရပ်ကွက် ပါတီ ဥက္ကဋ္ဌတာဝန်ပေးအပ်ပွဲကျင်းပခဲ့သည်။

ရှေးဦးစွာ နိုင်ငံတော်အလံအား အလေးပြုခြင်း၊ သဘာပတိအဖွဲ့ ခေါင်းဆောင်ဦးစိန်မောင်နှင့် စည်းရုံးရေးမှူးဦးလှဝင်းတို့က အမှာ စကားပြောကြားခြင်း၊ မြို့နယ်ပါတီအတွင်းရေးမှူး ဦးဇော်ဇော်အောင် က ဗဟိုပါတီကော်မတီ၏ ဆောင်ရွက်ချက်များ၊ ရှေ့လုပ်ငန်းစဉ်များ ကို ရှင်းလင်းဆွေးနွေးကာ အုန်းတော(၂)ရပ်ကွက် ပါတီဥက္ကဋ္ဌ တာဝန်အား ဦးလှဝင်းထံပေးအပ်ခြင်း၊ အလုပ်သမားရေးရာကော်မတီ ခေါင်းဆောင်ဦးမြင့်နိုင်အား မြို့နယ်ပါတီကော်မတီအမှုဆောင်ဦးထိန် ဝင်းကလည်းကောင်း၊ အမျိုးသမီးရေးရာကော်မတီခေါင်းဆောင် ဒေါ်သီဇာအုန်းအား မြို့နယ်ပါတီကော်မတီအမှုဆောင်ဦးဌေးဦးက လည်းကောင်း၊ လူငယ်ရေးရာ ကော်မတီခေါင်းဆောင် ကိုဇင်ကိုဝင်း အား ဘဏ္ဍာရေးမှူးဦးဇော်မိုးဝင်းကလည်းကောင်း၊ သတင်းနှင့် မီဒီယာကော်မတီခေါင်းဆောင်ဦးအောင်ကျော်စိုးအား အမှုဆောင် ဦးလှသောင်းကလည်းကောင်း၊ လယ်သမားရေးရာကော်မတီခေါင်း ဆောင်ဦးဌေးလွင်အား ဘဏ္ဍာရေးမှူးဦးဇော်မိုးဝင်းကလည်းကောင်း တာဝန်ပေးအပ်လွှာများကို ပေးအပ်ခဲ့သည်။

နိုင်ဝင်း