===============================
ကျောက်ဆည်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးပြုလုပ်
ကျောက်ဆည် အောက်တိုဘာ ၁၃
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ် ပြည်ခိုင်ဖြိုးပါတီသည် အောက်တိုဘာလ ၏ မြို့နယ်ကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၁၉/၂၀၂၃)ကို မြို့နယ်ပါတီ အစည်းအဝေးခန်းမတွင် ယနေ့ မွန်းလွဲ (၉း၀၀)နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါအစည်းအဝေးသို့ ခရိုင်ပါတီဥက္ကဌ ဦးအောင်မြင့်သန်း၊မြို့နယ်ပါတီဥက္ကဌဦးစိုးစိုးထွန်း၊အတွင်းရေးမှူး ဦးတင်မင်းမြတ်ဦးနှင့်မြို့နယ်ကော်မတီဝင်များတက်ရောက်ကြပါသည်။
ခရိုင်ပါတီဥက္ကဌ ဦးအောင်မြင့်သန်းမှ မြို့နယ်ကော်မတီ၀င်များ၏ နယ်မြေကွင်းဆောင်ရွက်ချက်များနှင့်ပတ်သက်ပြီး အခက်အခဲများ၊ လိုအပ်ချက်များအား ဆွေးနွေးပြောကြားပြီး၊ မြို့နယ်ပါတီဥက္ကဌ ဦးစိုးစိုးထွန်းမှ စက်တင်ဘာလ၏ (၁၈/၂၀၂၃) မြို့နယ်‌ကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးမှ ဆုံးဖြတ်ချက်များ၊လုပ်ငန်း‌ ဆောင်ရွက်ပြီးစီးမှုများကိုပြန်လည်သုံးသပ်ဆွေးနွေးခြင်း၊ စတုတ္ထအကြိမ် ရက်(၉၀) စီမံချက်ပါလုပ်ငန်းစဉ်များကို မြို့နယ်ကော်မတီဝင်များနှင့် အပြန်အလှန်‌ ဆွေးနွေးမှုများပြုလုပ်ပြီးနောက် မြို့နယ်ရွေးကောက်ပွဲကော်မရှင် သို့မှတ်ပုံတင်ထားသော ပုံစံ(ဇ)ရှိပါတီဝင်များ၏ ကိုယ်ရေးအချက်အလက်များအား e-ID စီစစ်ခြင်းလုပ်ငန်းများတွင် ဖြည့်စွက်လုပ်ဆောင်ရန် ကိစ္စရပ်များကို နယ်မြေအလိုက် ခွဲဝေတာဝန်များပေးအပ်ခြငးကို အသေးစိတ်လမ်းညွန်ပြောကြားခဲ့ပါသည်။
ပါတီအတွင်းရေးမှူး ဦးတင်မင်းမြတ်ဦး မှ တိုင်းပါတီ ၏ လမ်းညွန်ချက် ပြည့်မဏ္ဍိုင်လှုပ်ရှားမှုများ ဆောင်ရွက်ရာတွင် လုပ်ဆောင်ရမည့်အချက်များကို မြို့နယ်ကော်မတီဝင်များအား ရှင်းလင်းပြောကြားပြီး၊အမျိုးသမီးရေးရာတာဝန်ခံ မှ အမျိုးသမီးပါတီဝင်အသစ် ရရှိရေးကို နယ်မြေအလိုက် ဆွေးနွေးပြောကြားခြင်း ၊ အမျိုးသမီးရေးရာ စီမံချက် တို့ကို ရှင်းလင်းပြောကြားခဲ့ပါသည်။ထိုနောက် တက်ရောက်လာသောမြို့နယ်ကော်မတီဝင်များမှ ကဏ္ဍအလိုက် အပြန်အလှန်ဆွေးနွေးတင်ပြကြပြီး အစည်းအဝေးကို ( ၁၁း၁၀) တွင် ပြီး‌မြောက်ခဲ့ကြောင်းသတင်းရရှိပါသည်။ ကိုတင့် kse