၂၀၂၃ ခုႏွစ္အတြင္း ကမၻာ့ဝင္ေငြအေကာင္းဆုံး ေဘာလုံးသမားအျဖစ္ စီေရာ္နယ္လ္ဒို သတ္မွတ္ခံရ

ေအာက္တိုဘာ ၁၆
၂၀၂၃ ခုႏွစ္အတြင္း ဝင္ေငြအေကာင္းဆုံးေဘာလုံးသမားစာရင္းမွာ ေပၚတူဂီတိုက္စစ္မႉး စီေရာ္နယ္ဒိုက ဦးေဆာင္ခဲ့ပါတယ္။ Forbes မဂၢဇင္း ရဲ့ထုတ္ျပန္ခ်က္အရ ၂၀၂၃ ခုႏွစ္အတြင္း ကမၻာ့ဝင္ေငြအေကာင္းဆုံး ေဘာလုံးသမားစာရင္းမွာ စီေရာ္နယ္လ္ဒိုက အဆင့္ ၁ အျဖစ္ သတ္မွတ္ခံခဲ့ရပါတယ္။
အသက္ ၃၈ ႏွစ္အရြယ္ရွိၿပီျဖစ္သူ ေဆာ္ဒီကလပ္ အယ္လ္နာဆာအသင္းမွာကစားေနတဲ့ စီေရာ္နယ္လ္ဒိုဟာ လစာအပါအဝင္ ၁ ႏွစ္ကို ေပါင္ ၂၆၀ သန္းအထိ ရရွိေနတာေၾကာင့္ အခုစာရင္းမွာ ထိပ္ဆုံးေနရာ ရပ္တည္နိုင္ခဲ့တာျဖစ္ပါတယ္။

======================

၂၀၂၃ ခုနှစ်အတွင်း ကမ္ဘာ့ဝင်ငွေအကောင်းဆုံး ဘောလုံးသမားအဖြစ် စီရော်နယ်လ်ဒို သတ်မှတ်ခံရ

အောက်တိုဘာ ၁၆
၂၀၂၃ ခုနှစ်အတွင်း ဝင်ငွေအကောင်းဆုံးဘောလုံးသမားစာရင်းမှာ ပေါ်တူဂီတိုက်စစ်မှူး စီရော်နယ်ဒိုက ဦးဆောင်ခဲ့ပါတယ်။ Forbes မဂ္ဂဇင်း ရဲ့ထုတ်ပြန်ချက်အရ ၂၀၂၃ ခုနှစ်အတွင်း ကမ္ဘာ့ဝင်ငွေအကောင်းဆုံး ဘောလုံးသမားစာရင်းမှာ စီရော်နယ်လ်ဒိုက အဆင့် ၁ အဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။
အသက် ၃၈ နှစ်အရွယ်ရှိပြီဖြစ်သူ ဆော်ဒီကလပ် အယ်လ်နာဆာအသင်းမှာကစားနေတဲ့ စီရော်နယ်လ်ဒိုဟာ လစာအပါအဝင် ၁ နှစ်ကို ပေါင် ၂၆၀ သန်းအထိ ရရှိနေတာကြောင့် အခုစာရင်းမှာ ထိပ်ဆုံးနေရာ ရပ်တည်နိုင်ခဲ့တာဖြစ်ပါတယ်။