အစၥေရးနိုင္ငံ၌ အေရးေပၚအစိုးရဖြဲ႕စည္း

ေအာက္တိုဘာ ၁၃
အစၥေရးဝန္ႀကီးခ်ဳပ္ ေနတန္ယာဟုႏွင့္ အတိုက္အခံပါတီေခါင္းေဆာင္ ကာကြယ္ေရးဝန္ႀကီးေဟာင္း ဘန္နီဂန႔္စ္တို႔က အစၥေရးနိုင္ငံ၌ အေရးေပၚ အစိုးရဖြဲ႕စည္းရန္ သေဘာတူညီခဲ့ၾကသည္။
ပူးတြဲေၾကညာခ်က္ထုတ္ျပန္ ေနတန္ယာဟုႏွင့္ ကာကြယ္ေရးဝန္ႀကီးေဟာင္း ဂန႔္စ္တို႔ကေအာက္တိုဘာ ၁၁ ရက္ေန႔တြင္ ေတြ႕ဆုံ ေဆြးေႏြးၿပီးေနာက္ ယခုကဲ့သို႔ ပူးတြဲေၾကညာခ်က္ ထုတ္ျပန္ခဲ့ျခင္း ျဖစ္သည္။
ေနတန္ယာဟု၊ ဂန႔္စ္ႏွင့္ လက္ရွိကာကြယ္ေရးဝန္ႀကီး Yoav Gallant တို႔ပါဝင္ေသာ ဝန္ႀကီးအဖြဲ႕သည္ ၎စစ္ပြဲေရးရာကိစၥရပ္မ်ားကို စီမံခန႔္ခြဲမည္ျဖစ္ သည္။
အစိုးရသစ္သည္ ပါလက္စတိုင္းစစ္ေသြးႂကြအဖြဲ႕ ဟားမတ္စ္အား ရင္ဆိုင္တိုက္ခိုက္ေရးအတြက္ အစီ အမံမ်ားခ်မွတ္ေဆာင္ရြက္မည္ျဖစ္သည္။
စစ္ပြဲကာလအတြင္း ယခုလက္ရွိျဖစ္ပြားေနသည့္စစ္ပြဲႏွင့္မသက္ဆိုင္သည့္ ဥပေဒၾကမ္းမ်ားႏွင့္ အစိုးရ ၏ဆုံးျဖတ္ခ်က္မ်ားကို စီမံခန႔္ခြဲေဆာင္ရြက္မည္မဟုတ္ေၾကာင္း သိရသည္။
ေနတန္ယာဟု၏အစိုးရႏွင့္ဘန္နီဂန႔္စ္၏ အတိုက္ အခံပါတီတို႔သည္ အစၥေရး၏ တရားစီရင္ေရးစနစ္ ျပဳျပင္ေျပာင္းလဲေရးႏွင့္ အျခား ျပည္ တြင္းေရးကိစၥမ်ားတြင္ ဆန႔္က်င္ဘက္ျဖစ္ေနသည္။
သို႔ေသာ္ ေနတန္ယာဟု က ဟားမတ္စ္အဖြဲ႕ႏွင့္ ျဖစ္ပြားသည့္ ပဋိပကၡကို ကိုင္တြယ္ေျဖရွင္းရန္ အတိုက္အခံမ်ားႏွင့္ ပူးေပါင္းျခင္းျဖင့္ ခိုင္မာ ေသာ အစိုးရထူေထာင္ရန္ ရည္ရြယ္ထားသည္။

=========================

အစ္စရေးနိုင်ငံ၌ အရေးပေါ်အစိုးရဖွဲ့စည်း

အောက်တိုဘာ ၁၃

အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုနှင့် အတိုက်အခံပါတီခေါင်းဆောင် ကာကွယ်ရေးဝန်ကြီးဟောင်း ဘန်နီဂန့်စ်တို့က အစ္စရေးနိုင်ငံ၌ အရေးပေါ် အစိုးရဖွဲ့စည်းရန် သဘောတူညီခဲ့ကြသည်။
ပူးတွဲကြေညာချက်ထုတ်ပြန် နေတန်ယာဟုနှင့် ကာကွယ်ရေးဝန်ကြီးဟောင်း ဂန့်စ်တို့ကအောက်တိုဘာ ၁၁ ရက်နေ့တွင် တွေ့ဆုံ ဆွေးနွေးပြီးနောက် ယခုကဲ့သို့ ပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
နေတန်ယာဟု၊ ဂန့်စ်နှင့် လက်ရှိကာကွယ်ရေးဝန်ကြီး Yoav Gallant တို့ပါဝင်သော ဝန်ကြီးအဖွဲ့သည် ၎င်းစစ်ပွဲရေးရာကိစ္စရပ်များကို စီမံခန့်ခွဲမည်ဖြစ် သည်။
အစိုးရသစ်သည် ပါလက်စတိုင်းစစ်သွေးကြွအဖွဲ့ ဟားမတ်စ်အား ရင်ဆိုင်တိုက်ခိုက်ရေးအတွက် အစီ အမံများချမှတ်ဆောင်ရွက်မည်ဖြစ်သည်။
စစ်ပွဲကာလအတွင်း ယခုလက်ရှိဖြစ်ပွားနေသည့်စစ်ပွဲနှင့်မသက်ဆိုင်သည့် ဥပဒေကြမ်းများနှင့် အစိုးရ ၏ဆုံးဖြတ်ချက်များကို စီမံခန့်ခွဲဆောင်ရွက်မည်မဟုတ်ကြောင်း သိရသည်။
နေတန်ယာဟု၏အစိုးရနှင့်ဘန်နီဂန့်စ်၏ အတိုက် အခံပါတီတို့သည် အစ္စရေး၏ တရားစီရင်ရေးစနစ် ပြုပြင်ပြောင်းလဲရေးနှင့် အခြား ပြည် တွင်းရေးကိစ္စများတွင် ဆန့်ကျင်ဘက်ဖြစ်နေသည်။
သို့သော် နေတန်ယာဟု က ဟားမတ်စ်အဖွဲ့နှင့် ဖြစ်ပွားသည့် ပဋိပက္ခကို ကိုင်တွယ်ဖြေရှင်းရန် အတိုက်အခံများနှင့် ပူးပေါင်းခြင်းဖြင့် ခိုင်မာ သော အစိုးရထူထောင်ရန် ရည်ရွယ်ထားသည်။