ဂရိမှာ ပြည်သူ့ဝန်ထမ်းတွေနဲ့ ပို့ဆောင်ရေးဝန်ထမ်းတွေ ဆန္ဒပြ

ဂရိနိုင်ငံမှာ ပြီးခဲ့တဲ့ တပတ်က လူ ၅၇ဦး သေဆုံးခဲ့တဲ့ ရထားနှစ်စီး တိုက်ခဲ့တဲ့ ဖြစ်ရပ်အပေါ် သယ်ယူ ပို့ဆောင်ရေးနဲ့ ပြည်သူ့ဝန်ထမ်းတွေ ဒေါသထွက်ပြီး သပိတ်မှောက်နေပါတယ်။

ကျောင်းဆရာတွေ၊ ကျန်းမာရေးဝန်ထမ်းတွေ၊ ကားသမားတွေကလည်း ရထားဝန်ထမ်းတွေရဲ့ သပိတ်မှာ ပါဝင်လာပါတယ်။ ဂရိမှာ ရထားနှစ်စင်း တိုက်မိပြီးတဲ့နောက် ရထားဝန်ထမ်းတွေက လုံခြုံရေးစနစ် ပိုမိုကောင်းမွန်ဖို့ ဆန္ဒပြခဲ့ကြပါတယ်။

နောက်ထပ် ဆန္ဒပြတာတွေ လုပ်ဖို့ ရှိတယ်လို့လည်း ဆိုပါတယ်။ ဂရိ သယ်ယူပို့ဆောင်ရေး ဝန်ကြီး ရောဂေါ့စ် ယာရာ့ပထရေးတစ်က ရထားနှစ်စင်း တိုက်တာကို မတားဆီးနိုင်ခဲ့တဲ့အပေါ် ထပ်တလဲလဲ တောင်းပန်ခဲ့ပါတယ်။

လုံခြုံရေး စနစ်ကို အဆင့်မြှင့်ဖို့ သူက ကတိပေးခဲ့ပြီး ဝန်ထမ်းတွေ ပိုမိုတိုးတက်ဖို့နဲ့ သင်တန်းတွေ ပေးသွားဖို့ လုပ်ဆောင်မယ်လို့လည်း ပြောဆိုထားပါတယ်။

-Ref:BBC