၂၀၂၃ ခုႏွစ္ အတြက္ Golden Boy အေကာင္းဆုံး လူငယ္ကစားသမားဆု အတြက္ ဆန္ကာတင္စာရင္း ထုတ္ျပန္

ေအာက္တိုဘာ ၁၃
အီတလီအားကစားသတင္းစာ Tuttosport က ၂၀၂၃ ခုႏွစ္ Golden Boy ဆုအတြက္ ဆန္ခါတင္ကစားသမားစာရင္းကို မေန႔က ထုတ္ျပန္ခဲ့ပါတယ္။ ဘာစီလိုနာ လူငယ္ကြင္းလယ္လူ ဂါဗီဟာ မႏွစ္က ထိုဆုကို ဆြတ္ခူးခဲ့တာေၾကာင့္ ယခုႏွစ္ ဆန္ကာတင္စာရင္းမွာ ပါဝင္လာျခင္း မရွိေတာ့ပါဘူး။ လက္ရွိ ဆန္ကာတင္စာရင္းထဲမွာေတာ့ ရီးရဲလ္မက္ဒရစ္ ကြင္းလယ္ၾကယ္ပြင့္ ဂ်ဳဒ္ဘယ္လင္ဂမ္နဲ႔ ဘိုင္ယန္ျမဴးနယ္ ကြင္းလယ္တိုက္စစ္ၾကယ္ပြင့္ ဂ်မဲလ္ မူစီယားလားတို႔က ယခုႏွစ္ Golden Boy ဆု ကို ဆြတ္ခူးဖို႔ ေရပန္းအစားဆုံးျဖစ္ေနပါတယ္။ Golden Boy ဆုမွာ Tuttosport မွ ကမကထျပဳလုပ္၍ ခ်ီးျမႇင့္ေသာဆုျဖစ္ၿပီး ဥေရာပတစ္လႊားမွ နာမည္ေက်ာ္အားကစားဂ်ာနယ္လစ္မ်ား၏ ဆႏၵမဲျဖင့္ ေရြးခ်ယ္ခ်ီးျမႇင့္ေသာဆုလည္းျဖစ္ပါတယ္။ ဆုခ်ီးျမႇင့္ပြဲကို ဒီဇင္ဘာလအတြင္း ျပဳလုပ္ဖြယ္ရွိေၾကာင္း သိရပါတယ္။

=============================

၂၀၂၃ ခုနှစ် အတွက် Golden Boy အကောင်းဆုံး လူငယ်ကစားသမားဆု အတွက် ဆန်ကာတင်စာရင်း ထုတ်ပြန်

အောက်တိုဘာ ၁၃
အီတလီအားကစားသတင်းစာ Tuttosport က ၂၀၂၃ ခုနှစ် Golden Boy ဆုအတွက် ဆန်ခါတင်ကစားသမားစာရင်းကို မနေ့က ထုတ်ပြန်ခဲ့ပါတယ်။ ဘာစီလိုနာ လူငယ်ကွင်းလယ်လူ ဂါဗီဟာ မနှစ်က ထိုဆုကို ဆွတ်ခူးခဲ့တာကြောင့် ယခုနှစ် ဆန်ကာတင်စာရင်းမှာ ပါဝင်လာခြင်း မရှိတော့ပါဘူး။ လက်ရှိ ဆန်ကာတင်စာရင်းထဲမှာတော့ ရီးရဲလ်မက်ဒရစ် ကွင်းလယ်ကြယ်ပွင့် ဂျုဒ်ဘယ်လင်ဂမ်နဲ့ ဘိုင်ယန်မြူးနယ် ကွင်းလယ်တိုက်စစ်ကြယ်ပွင့် ဂျမဲလ် မူစီယားလားတို့က ယခုနှစ် Golden Boy ဆု ကို ဆွတ်ခူးဖို့ ရေပန်းအစားဆုံးဖြစ်နေပါတယ်။ Golden Boy ဆုမှာ Tuttosport မှ ကမကထပြုလုပ်၍ ချီးမြှင့်သောဆုဖြစ်ပြီး ဥရောပတစ်လွှားမှ နာမည်ကျော်အားကစားဂျာနယ်လစ်များ၏ ဆန္ဒမဲဖြင့် ရွေးချယ်ချီးမြှင့်သောဆုလည်းဖြစ်ပါတယ်။ ဆုချီးမြှင့်ပွဲကို ဒီဇင်ဘာလအတွင်း ပြုလုပ်ဖွယ်ရှိကြောင်း သိရပါတယ်။