
ပဲခူး၊ အောက်တိုဘာ ၁၂
#Myanmar #USDP #bago

=======================

ပြည်ခိုင်ဖြိုးပါတီမှ ရေဘေးသင့် ဘုန်းတော်ကြီးကျောင်းများနှင့် စာသင်တိုက်များ မြို့နယ်အတွင်းရှိရေဘေးသင့်ပြည်သူများအား ကူညီကယ်ဆယ်ထောက်ပံ့လှူဒါန်း

ပဲခူး၊ အောက်တိုဘာ ၁၂
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပဲခူးတိုင်းဒေသကြီး(အရှေ့) ပါတီဥက္ကဋ္ဌဦးရဲမြင့်ထွန်းဦးဆောင်၍ မြေပြင် ကွင်းဆင်းကွပ်ကဲလျှက် အောက်တိုဘာလ (၇)ရက်နေ့မှစတင်၍ မိုးသည်းထန်စွာအဆတ်မပြတ်ရွာသွန်းမှု ပဲခူးမြစ်ရေ မြင့်တက်လာမှုကြောင့် ရေဘေးသင့်နေရသော ပဲခူးမြို့နယ်အတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာအုပ်စုများရှိ ဘုန်းတော်ကြီးကျောင်းများ ၊ စာသင်တိုက်များ ၊ ယာယီရေဘေးရှောင်စခန်းများ ၊ ရေကြီးနစ်မြှပ်နေသော ကျေးရွာ ၊ရပ်ကွက် အုပ်စုများသို့ လိုအပ်သည်များကို နေ့စဥ်ကူညီပံ့ပို့လျှက်ရှိသည်။
အောက်တိုဘာလ ၁၂ ရက်နေ့နံနက်ပိုင်းကလဲ ပဲခူးတိုင်းဒေသကြီး(အရှေ့) ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ တိုင်းပါတီဥက္ကဋ္ဌနှင့်တိုင်းကော်မတီဝင်များ၊ ခရိုင်၊မြို့နယ်များ၏ဥက္ကဌနှင့်အဖွဲ့ဝင်များသည် ပဲခူးမြို့နယ်အတွင်းရှိရေကြီးနစ်မြုပ်နေသော ကလိကျေးရွာ၊မုန်တိုင်းကျေးရွာ၊ဇိုင်းဂနိုင်းတောင်ပိုင်းရပ်ကွက်ရှိရေဘေးကယ်ဆယ်ရေးစခန်းများနှင့်ကျေးရွာရပ်ကွက်အတွင်းရှိ နေအိမ်များသို့သွားရောက်၍ ရေဘေးရှောင်ပြည်သူများထံအစားအသောက်များ၊ဖယောင်းတိုင်ထုပ်များ၊ အသင့်စားသုံးနိုင်သော ထမင်းထုပ်များ၊ခေါက်ဆွဲခြောက်များနှင့်ရေသန့်ဗူးများ၊ လျှပ်စစ်မီးပြတ်နေသဖြင့် လိုအပ်နေသော ဖယောင်းတိုင်ထုပ်များအား ကျေးရွာအုပ်စု / ရပ်ကွက်များအရောက် ပြည်သူအများ လက်ဝယ်အရောက်သွားရောက်ထောက်ပံ့ ကူညီ လှူဒါန်းပေးခဲ့ကြပါသည်။
ပဲခူးတိုင်းဒေသကြီး(အရှေ့) ပြည်ခိုင်ဖြိုးပါတီအနေဖြင့် တိုင်းဒေသကြီးပါတီဥက္ကဋ္ဌဦးရဲမြင့်ထွန်း၏ နယ်မြေ ကွင်းဆင်းကြီးကြပ်မှုဖြင့် ရေများစတင်ဝင်ရောက်လာသော အောက်တိုဘာလ (၇) ရက်နေ့မှစတင်၍ ယနေ့အထိ ရေဘေးကယ်ဆယ် ကူညီ ထောက်ပံ့ရေးဆိုင်ရာကိစ္စရပ်များအား နေ့စဥ်လုပ်ဆောင်လျှက်ရှိပါသည်။
#Myanmar #USDP #bago