ရန္ကုန္တိုင္းေဒသႀကီး ျပည္ခိုင္ၿဖိဳးပါတီမွ လွည္းကူးၿမိဳနယ္ ေရေဘးသင့္ျပည္သူမ်ားအား စားေသာက္ဖြယ္ရာမ်ားႏွင့္ ေရသန္႔ဗူးမ်ား ေထာက္ပံ့လႉဒါန္း

ရန္ကုန္ ။ ။ ေအာက္တိုဘာ( ၁၁ )
ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံၿဖိဳးေရးပါတီ ရန္ကုန္တိုင္းေဒသႀကီး တိုင္းေဒသႀကီးပါတီဥကၠဌ ဦးခင္ေမာင္စိုး ၏လမ္းညႊန္မႈျဖင့္ တိုင္းပါတီအတြင္းေရးမႉး ဦးေအာင္ေက်ာ္မင္း ဦးေဆာင္၍ တိုင္းေကာ္မတီဝင္မ်ား၊ လွည္းကူးခရိုင္ဥကၠဌ ဦးေအာင္မ်ိဳးနိုင္ႏွင့္ခရိုင္/ ၿမိဳနယ္ေကာ္မတီဝင္မ်ား လိုက္ပါလၽွက္ ယေန႔နံနက္ (၁၀း၀၀)နာရီက ေရေဘးသင့္ျပည္သူမ်ားအတြက္ ဖြင့္လွစ္ထားေသာ လွည္းကူးခရိုင္၊လွည္းကူးၿမိဳနယ္ရွိ ေဂြးေတာက္အိုင္ေက်းရြာ ေရေဘးသင့္ျပည္သူမ်ားအား ငါးဆူေတာင္ (၂)ရပ္ကြက္ ဓမၼာ႐ုံ၌ ထမင္းဘူး (၁၀၀)၊ ငါးဆူေတာင္ (၂)ရပ္ကြက္ ရွိ ႀကိဳကုန္း၊ေညာင္ကုန္း၊နန္းတိ ေက်းရြာမ်ားရွိ ေရေဘးသင့္ျပည္သူမ်ားစခန္းခ်ရာ ဓမၼာ႐ုံ၌ ေရေဘးသင့္ျပည္သူမ်ားအား ထမင္းဘူး (၄၄၆)ဘူး၊ေခါက္ဆြဲေျခာက္ႏွင့္ေရသန႔္ဗူးမ်ား၊မုန႔္မ်ား လႈဒါန္းခဲ့ၿပီး တိုင္းေကာ္မတီ၀င္ ေဒါက္တာေနလင္းမွ က်န္းမာေရးဦးစီးဌါန ႏွင့္ ေပါင္းစပ္ညႇိႏွိင္း၍ ေရေဘးသင့္ျပည္သူမ်ား၏ က်န္းမာေရး ေစာင့္ေရွာက္မႈမ်ား ကူညီေဆာင္ရြက္ေပးခဲ့ပါသည္။
ဆက္လက္၍ ငါးဆူေတာင္ (၁) ရပ္ကြက္ သာသနာ့ဂုဏ္ရည္ ဆြမ္းေလာင္းဓမၼာ႐ုံရွိ ေရေဘးသင့္ ျပည္သူမ်ားအား ထမင္းဗူး (၂၇၅)၊ ေခါက္ဆြဲေျခာက္မ်ား၊ေရသန႔္ဗူးမ်ားႏွင့္မုန႔္မ်ား လႉဒါန္းခဲ့ၾကပါသည္။
ထိုေနာက္ အေရွ႕ၾကာအင္းေက်ာင္းတိုက္ ဆရာေတာ္အား ဖူးေျမႇာ္ကန္ေတာ့၍ နဝကမၼအလႉေငြ (၂၀၀၀၀၀ိ)က်ပ္အား ဆက္ကပ္လႉဒါန္းခဲ့ၾကၿပီး ၾကာအင္းေက်းရြာရွိ ေရေဘးသင့္ ျပည္သူမ်ားအား ထမင္းဗူး (၁၈၀)၊ ေခါက္ဆြဲေျခာက္မ်ား၊ေရသန႔္ဗူးမ်ားႏွင့္ မုန႔္မ်ား လႈဒါန္းခဲ့ပါသည္။

အဆိုပါ ေထာက္ပံ့ေပးအပ္လႉဒါန္းပြဲသိုျပည္ခိုင္ၿဖိဳးပါတီ ရန္ကုန္တိုင္းေဒသႀကီး အတြင္းေရးမႉးဦးေအာင္ေက်ာ္မင္းႏွင့္ တိုင္းေကာ္မတီဝင္မ်ားျဖစ္ၾကေသာ ဉီးတင္ေမာင္၀င္း၊ေဒၚသင္းသင္းမိုး၊ ေဒါက္တာေနလင္း၊ဦးသန္းျမင့္ ဦးေနဝင္း၊ ေဒါက္တာထြန္းထြန္းဝင္း၊ ေဒၚအိအိလွိင္၊ လွည္းကူးခရိုင္ ပါတီဥကၠဌ ဦးေအာင္မ်ိဳးနိုင္၊ မဂၤလာဒုံခရိုင္ပါတီဥကၠဌ ဦးမ်ိဳးမင္းနိုင္၊အလုံခရိုင္ ပါတီဥကၠဌ ဦးေဇာ္မင္းဦးႏွင့္ လွည္းကူးၿမိဳနယ္ ၿမိဳနယ္ပါတီေကာ္မတီဝင္မ်ားႏွင့္ ရပ္ေက်းပါတီေကာ္မတီဝင္မ်ား ပူးေပါင္းလိုက္ပါ ေဆာင္ရြက္ခဲ့ၾကေၾကာင္း သိရသည္။

=========================

ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီမှ လှည်းကူးမြိုနယ် ရေဘေးသင့်ပြည်သူများအား စားသောက်ဖွယ်ရာများနှင့် ရေသန့်ဗူးများ ထောက်ပံ့လှူဒါန်း
ရန်ကုန် ။ ။ အောက်တိုဘာ( ၁၁ )
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ ရန်ကုန်တိုင်းဒေသကြီး တိုင်းဒေသကြီးပါတီဥက္ကဌ ဦးခင်မောင်စိုး ၏လမ်းညွှန်မှုဖြင့် တိုင်းပါတီအတွင်းရေးမှူး ဦးအောင်ကျော်မင်း ဦးဆောင်၍ တိုင်းကော်မတီဝင်များ၊ လှည်းကူးခရိုင်ဥက္ကဌ ဦးအောင်မျိုးနိုင်နှင့်ခရိုင်/ မြိုနယ်ကော်မတီဝင်များ လိုက်ပါလျှက် ယနေ့နံနက် (၁၀း၀၀)နာရီက ရေဘေးသင့်ပြည်သူများအတွက် ဖွင့်လှစ်ထားသော လှည်းကူးခရိုင်၊လှည်းကူးမြိုနယ်ရှိ ဂွေးတောက်အိုင်ကျေးရွာ ရေဘေးသင့်ပြည်သူများအား ငါးဆူတောင် (၂)ရပ်ကွက် ဓမ္မာရုံ၌ ထမင်းဘူး (၁၀၀)၊ ငါးဆူတောင် (၂)ရပ်ကွက် ရှိ ကြိုကုန်း၊ညောင်ကုန်း၊နန်းတိ ကျေးရွာများရှိ ရေဘေးသင့်ပြည်သူများစခန်းချရာ ဓမ္မာရုံ၌ ရေဘေးသင့်ပြည်သူများအား ထမင်းဘူး (၄၄၆)ဘူး၊ခေါက်ဆွဲခြောက်နှင့်ရေသန့်ဗူးများ၊မုန့်များ လှုဒါန်းခဲ့ပြီး တိုင်းကော်မတီ၀င် ဒေါက်တာနေလင်းမှ ကျန်းမာရေးဦးစီးဌါန နှင့် ပေါင်းစပ်ညှိနှိင်း၍ ရေဘေးသင့်ပြည်သူများ၏ ကျန်းမာရေး စောင့်ရှောက်မှုများ ကူညီဆောင်ရွက်ပေးခဲ့ပါသည်။
ဆက်လက်၍ ငါးဆူတောင် (၁) ရပ်ကွက် သာသနာ့ဂုဏ်ရည် ဆွမ်းလောင်းဓမ္မာရုံရှိ ရေဘေးသင့် ပြည်သူများအား ထမင်းဗူး (၂၇၅)၊ ခေါက်ဆွဲခြောက်များ၊ရေသန့်ဗူးများနှင့်မုန့်များ လှူဒါန်းခဲ့ကြပါသည်။
ထိုနောက် အရှေ့ကြာအင်းကျောင်းတိုက် ဆရာတော်အား ဖူးမြှော်ကန်တော့၍ နဝကမ္မအလှူငွေ (၂၀၀၀၀၀ိ)ကျပ်အား ဆက်ကပ်လှူဒါန်းခဲ့ကြပြီး ကြာအင်းကျေးရွာရှိ ရေဘေးသင့် ပြည်သူများအား ထမင်းဗူး (၁၈၀)၊ ခေါက်ဆွဲခြောက်များ၊ရေသန့်ဗူးများနှင့် မုန့်များ လှုဒါန်းခဲ့ပါသည်။

အဆိုပါ ထောက်ပံ့ပေးအပ်လှူဒါန်းပွဲသိုပြည်ခိုင်ဖြိုးပါတီ ရန်ကုန်တိုင်းဒေသကြီး အတွင်းရေးမှူးဦးအောင်ကျော်မင်းနှင့် တိုင်းကော်မတီဝင်များဖြစ်ကြသော ဉီးတင်မောင်၀င်း၊ဒေါ်သင်းသင်းမိုး၊ ဒေါက်တာနေလင်း၊ဦးသန်းမြင့် ဦးနေဝင်း၊ ဒေါက်တာထွန်းထွန်းဝင်း၊ ဒေါ်အိအိလှိင်၊ လှည်းကူးခရိုင် ပါတီဥက္ကဌ ဦးအောင်မျိုးနိုင်၊ မင်္ဂလာဒုံခရိုင်ပါတီဥက္ကဌ ဦးမျိုးမင်းနိုင်၊အလုံခရိုင် ပါတီဥက္ကဌ ဦးဇော်မင်းဦးနှင့် လှည်းကူးမြိုနယ် မြိုနယ်ပါတီကော်မတီဝင်များနှင့် ရပ်ကျေးပါတီကော်မတီဝင်များ ပူးပေါင်းလိုက်ပါ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။