နိုင်ငံရေးပါတီများ ပုံမှန်တွေ့ဆုံဆွေးနွေး

 

ရန်ကုန် အောက်တိုဘာ ၂၉

နိုင်ငံရေးပါတီများပုံမှန်တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲ ၂ နာရီက ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဌာနချုပ်(ရန်ကုန်)တွင် ပြုလုပ်ခဲ့သည်။

အဆိုပါတွေ့ဆုံပွဲတွင် တက်ရောက်လာကြသော နိုင်ငံရေးပါတီများက လက်ရှိဖြစ်ပေါ် နေသောအခြေအနေများနှင့်ပတ်သက်၍ ဝိုင်းဝန်းဆွေးနွေးခဲ့ကြသည်။ ဆွေးနွေးမှုအပြီးတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ စာနှစ်စောင်ပေးပို့သွားမည်ဖြစ်ကြောင်း သိရသည်။

ယင်းတွေ့ဆုံပွဲသို့ နိုင်ငံရေးပါတီ ၂ဝ ခန့်တက်ရောက်ဆွေးနွေးခဲ့ပြီး ညနေ ၄ နာရီတွင် ဆွေးနွေးပွဲကို အောင်မြင်စွာပြီးဆုံးခဲ့သည်။