မြင်းခြံမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ရွေးကောက်ပွဲဥပဒေဆိုင်ရာသင်တန်းဖွင့်လှစ်သင်ကြား

 

မြင်းခြံ စက်တင်ဘာ ၃၀

မြင်းခြံမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ မြင်းခြံခရိုင်ပါတီရုံးခန်းမတွင် ရွေးကောက်ပွဲဥပဒေဆိုင်ရာသင်တန်း ဖွင့်လှစ်သင်ကြားခဲ့ပါသည်။ အခမ်းအနားဖွင့်ပွဲတွင် နိုင်ငံတော်သီချင်း သံပြိုင်သီဆိုဖွင့်လှစ်ပြီး မန္တလေးတိုင်းပါတီကော်မတီဝင် မြင်းခြံခရိုင် နယ်မြေတာဝန်ခံ ဦးမြတ်သူမှသင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်နှင့် အမှာစကားပြေားကြားခဲ့ပြီးနောက် သင်တန်းအား တိုင်းဒေသကြီးပါတီကော်မတီဝင် ဦးမျိုးမြင့်မှ ရွေးကောက်ပွဲဥပဒေဆိုင်ရာဥပဒေများ ဆက်လက်သင်ကြားခဲ့ပါသည်။ ယင်းအခမ်းအနားကို နံနက် (၉) နာရီအချိန်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါက်တာသန်းဝင်း၊ တိုင်းဒေသကြီးပါတီကော်မတီဝင် ဦးမြတ်သူ၊ ဦးမျိုးမြင့်နှင့်မြင်းခြံခရိုင်ပါတီဥက္ကဌ ဦးကျော်တင်၊ ခရိုင်ပါတီအတွင်းရေးမှူး ဦးမျိုးကျော်ဇင်၊ မြို့နယ်ပါတီဥက္ကဌ၊ မြို့နယ်ပါတီအတွင်းရေးမှူးနှင့်ရပ်ကွက်/ကျေးရွာများမှ စည်းရုံးရေးဥက္ကဌများနှင့် စည်းရုံးရေးအဖွဲ့ဝင် သင်တန်းသား ၁၉၀ ဦး တက်ရောက်ကြပါသည်။