နိုင်ငံ့လက်ရွေးစင်ကစားသမားဘ၀ကနေမျက်ရည်နဲ့အဆုံးသတ်ခဲ့ရတဲ့ ဘူဖွန်

 ၂၀၁၈ ကမ္ဘာ့ဖလား ဒုတိယအကျော့ play-off ပွဲစဉ်အဖြစ် ဆွီဒင်နဲ့ ကစားခဲ့တဲ့ ပွဲစဉ်အပြီးမှာတော့ ဘူဖွန်က အီတလီလက်ရွေးစင်အဖြစ်ကနေ အနားယူပြီလို့ ကြေညာခဲ့ပါတယ်။

ပထမအကျော့ ပွဲစဉ်မှာ (၁-၀)ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ အီတလီဟာ ဆန်စီယိုကွင်းမှာ ကစားတဲ့ ဒုတိယအကျော့ပွဲစဉ်မှာ တစ်ဖက်သတ်ဖိကစားနိုင်ခဲ့ပေမယ့် ဂိုးမရှိသရေရလဒ်ပဲ ရခဲ့တာကြောင့် ကမ္ဘာ့ဖလားခြေစစ်ပွဲ မအောင်မြင်ခဲ့ပါ ဘူး။ ဒါဟာ အီတလီအသင်းအတွက် ၁၉၅၈ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် ကမ္ဘာ့ဖလားခြေစစ်ပွဲ မအောင်မြင်ခဲ့တာဖြစ်ပါတယ်။

၁၉၉၇ ခုနှစ် အောက်တိုဘာလမှာ အီတလီအတွက် ပထမဆုံး ပွဲထွက်ကစားခွင့်ရခဲ့တဲ့ ဘူဖွန်ဟာ အခုချိန်မှာ အသက် ၃၉ နှစ်အရွယ်ရှိနေပြီး အီတလီအသင်းအတွက် ပွဲပေါင်း (၁၇၅)ပွဲပဲ ကစားပေးခဲ့ပါတယ်။

ဘူဖွန်ဟာ အရင်တုန်းက ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲပြီးရင် နိုင်ငံ့လက်ရွေးစင်အဖြစ်ကနေ အနားယူဖို့ရှိတယ်လို့ ကြေညာခဲ့ပေမယ့်အီတလီအသင်း ကမ္ဘာ့ဖလားခြေစစ်ပွဲမအောင်မြင်ခဲ့လို့ နိုင်ငံ့လက်ရွေးစင် ကစားသမားဘ၀ အဆုံးသတ်မလှပခဲ့ပါဘူး။ ဆွီဒင်နဲ့ပွဲအပြီးမှာတော့ ဘူဖွန်က ” ကျွန်တော့်အတွက် ကျွန်တော် ၀မ်းမနည်းပါဘူး။
အီတလီဘောလုံးလောက တစ်ခုလုံးအတွက်တော့ ၀မ်းနည်းမိတယ်”လို့ ပြောခဲ့ပါတယ်။

ဘူဖွန်အပြင် ဂျူဗင်တပ်အသင်းဖော် ဘာဇာဂလီနဲ့ ရိုးမားကွင်းလယ်လူ ဒီရော့စီတို့ကလည်း အီတလီ လက်ရွေးစင်အဖြစ်ကနေ အနားယူကြောင်း ကြေညာခဲ့ကြပါတယ်။

 -Ref; Sky sports