သြစတြေးလျအိုးပင်း အမျိုးသမီးပြိုင်ပွဲတွင် ဆီမိုနာဟာလက်နှင့် ဝေါ်ဇနီယက်ကီဗိုလ်လုမည်

သြစတြေးလျအိုးပင်း ဂရင်းဆလမ်တင်းနစ်ပြိုင်ပွဲတွင်  ဆီမိုနာဟာလက်နှင့် ဝေါ်ဇနီယက် ကီတို့ နှစ်ဦးစလုံး တတိယအကြိမ် ကံကောင်းရန်နှင့် ပထမဆုံးဂရင်း ဆလမ်ချန်ပီယံဆုရရှိရန် မျှော် လင့်နေမည်ဖြစ်သည်။

ကမ္ဘာ့နံပါတ် (၁) ဟာလက် နှင့် နံပါတ် (၂) ဝေါ်ဇနီယက်ကီ တို့သည် ယခင်က ဂရင်းဆလမ် ပြိုင်ပွဲဗိုလ်လုပွဲ နှစ်ကြိမ်စီတက် ရောက်ခဲ့သော်လည်း ဗိုလ်မစွဲ ခဲ့ကြပေ။ ရိုမေးနီးယားသူ ဟာ လက်သည် ပြင်သစ်အိုးပင်းဗိုလ် လုပွဲသို့ ၂၀၁၄ နှင့် ၂၀၁၇ က နှစ် ကြိမ်ရောက်ရှိခဲ့ပြီး ဝေါ်ဇနီယက် ကီက ၂၀၀၉ နှင့် ၂၀၁၄ တွင် ယူအက်စ်အိုးပင်းဗိုလ်လုပွဲအထိ ရောက်ရှိခဲ့သည်။

‘‘ဂရင်းဆလမ်ချန်ပီယံဖြစ် ဖို့ဆိုတာ ကျွန်မအိပ်မက်ပါ။ ကမ္ဘာ့နံပါတ် (၁)ဖြစ်ရတာထက် ကြီးကျယ်တယ်လို့ ယူဆပါတယ်။ အရင်က အခွင့်အရေးနှစ်ကြိမ်ရ ခဲ့တယ်။ မနက်ဖြန်မှာ အဲဒီထက် ပိုကောင်းမယ်လို့ ထင်ပါတယ်’’ ဟု ဆီမီးဖိုင်နယ်တွင် ဂျာမနီမှ အန်ဂျလစ်ကာဘာကို ၆-၃၊ ၄-၆၊ ၉-၇ ဖြင့် အနိုင်ရခဲ့သူ ဟာ လက်က ပြောသည်။

ဒိန်းမတ်သူ ဝေါ်ဇနီယက်ကီ သည် ဘယ်လ်ဂျီယံမှ အဲလစ်မာ တင်ကို ၆-၃၊ ၇-၆ (၂)ဖြင့် ဆီမီး ဖိုင်နယ်တွင် အနိုင်ရပြီး ဆီမိုနာ ဟာလက်နှင့် ဗိုလ်လုပွဲ၌ တွေ့ ဆုံမည်ဖြစ်သည်။

‘‘ကျွန်မအရမ်းစိတ်လှုပ်ရှားနေပါတယ်။ နောက်ထပ်ကြီး ကျယ်တဲ့ ဗိုလ်လုပွဲတစ်ခုရောက်လာပါပြီ။ အခုအချိန် ဘာပဲဖြစ်ဖြစ်၊ ကျွန်မအကောင်းဆုံးကြိုးစားခဲ့ပါပြီ။ ဗိုလ်လုပွဲမှာ နိုင်ပွဲရဖို့ အစွမ်းကုန်လုပ်ဖို့ပါပဲ’’ဟု ဝေါ်ဇ နီယက်ကီက ပြောသည်။

ဗိုလ်လုပွဲတွင် မည်သူအနိုင်ရသည်ဖြစ်စေ ဆီမိုနာဟာလက်နှင့် ဝေါ်ဇနီယက်ကီတို့သည် နိုင်ငံအတွက် သမိုင်းသစ် ရေးထိုးမည်ဖြစ်ကာ သြစတြေးလျအိုးပင်း ဖလားပထမဆုံး ဆောင်ကြဉ်းပေးသော တင်းနစ်မယ်များဖြစ်လာ နိုင်သည်။ အမျိုးသားတစ်ဦးချင်းပြိုင်ပွဲတွင် ခရိုအေးရှားမှ မာရင်းစီလစ်က ဗြိတိန်မှ အက်ဒ်မွန်းကို ၆-၂၊ ၇-၆၊ ၆-၂ ဖြင့် အနိုင်ရရှိပြီးဗိုလ်လုပွဲ၌ စောင့်ဆိုင်းနေကာဖက်ဒဲရာနှင့် တောင်ကိုရီးယားကစားသမား ဟွမ်ချွန်းတို့၏ပွဲမှ အနိုင်ရသူနှင့် ဗိုလ်လုပွဲယှဉ်ပြိုင် မည်ဖြစ်သည်။        

—Ref: AP