မြောက်ဥက္ကလာပမြို့နယ် ပြည်ခိုင်ဖြိုးပါတီလက်တွေ့လုပ်ငန်းခွင်မော်တာ စက်ချုပ် သင်တန်းဆင်း

 

ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင် မြောက်ဥက္ကလာပမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ကြီးမှူး ဖွင့်လှစ်သော လက်တွေ့လုပ်ငန်းခွင်မော် တာစက်ချူပ်သင်တန်းဆင်းပွဲအခမ်း အနားကို ယမန်နေ့ နံနက် ၉ နာရီခွဲ တွင် မြို့နယ်ပါတီရုံးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားအစီအစဉ်အရ ပါတီဗဟိုကော်မတီဝင်ရန်ကုန်တိုင်းဒေသကြီး အမျိုးသမီးရေးရာတာဝန်ခံ ဒေါ်စန်းစန်းဝင်းကအမှာစကားပြော ကြားပြီး အောင်မြင်ကျော်ကြားအထည်ချုပ် ကုမ္ပဏီလီမိတက် မန်နေဂျင်းဒါရိုက်တာ ဒေါ်ပိုပိုမြင့် အားဂုဏ်ပြု မှတ်တမ်းပေးအပ်သည်။ထို့နောက် တိုင်းဒေသကြီးပါတီကော်မတီဝင်Dr.ဦးကျော်စိုး၊ အရှေ့ပိုင်းခရိုင်ပါတီဥက္ကဋ္ဌ ဦးစိန်မြင့်၊အရှေ့ ပိုင်းခရိုင် အတွင်းရေးမှူးဒေါ်ဇာ ခြည်လင်းနှင့်ခရိုင်ကော်မတီဝင် များ၊ မြောက်ဥက္ကလာပမြို့နယ် ပါတီဥက္ကဋ္ဌဦးခင်မောင်မြင့်တို့က နည်းပြများအား ဂုဏ်ပြုလက် ဆောင်နှင့်မှတ်တမ်းများ၊ သင်တန်း သူများအားသင်တန်းဆင်းမှတ်တမ်းများ အသီးသီးပေးအပ် ကြသည်။ ယင်းအခမ်းအနားသို့ ဖိတ်ကြားထားသည့် အထူးဧည့်သည်တော်များ၊ တိုင်းဒေ သကြီးပါတီနာယက ဦးမြင့်ဟန်၊ မြို့နယ်ပါတီကော်မတီ ဝင်များ၊ မြောက်ဥက္ကလာပမြို့နယ် (၁၉)ရပ်ကွက် စည်းရုံးရေမှူးများ နှင့်ပါတီကော်မတီဝင်အမာခံများ၊ သင်တန်းနည်းပြများနှင့် သင်တန်း သူများ စုစုပေါင်း၁၂ဝ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
အေးမင်းဇော်(မြောက်ဥက္ကလာ)