မိုးကောင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ နယ်မြေ (၂) ပါတီဝင်များနှင့်တွေ့ဆုံ
မိုးကောင်း၊ အောက်တိုဘာ ၁
ကချင်ပြည်နယ် မိုးကောင်းမြို့နယ် လေးမိုင်ကျေးရွာ ဒေါ်စိန်မေကြည် နေအိမ်တွင် အောက်တိုဘာ (၁) ရက်နေ့နံနက် ၉း၃၀ နာရီအချိန်တွင် နယ်မြေ (၂) ပါတီဝင်များနှင့် တွေ့ဆုံဆွေးနွေခဲ့ပါသည်။
အခမ်းအနားတွင် မိုးကောင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးထွန်းထွန်းအောင် နှင့် မြို့နယ်စီမံ ဦးဝင်းသိန်း၊ နယ်မြေ (၂) တာဝန်ခံ ဦးစိုးနွယ်၊ မြို့နယ်ရှမ်းတိုင်းရင်းသားခေါင်းဆောင် ဦးစိုင်းထွန်းလှ၊ မြို့နယ်စည်းရုံးရေးတာဝန်ခံ ဦးမြင့်စိုး၊ မြို့နယ်အမျိုးသမီးရေးရာတာဝန်ခံ ဒေါ်နန်းကြည်၊ မြို့နယ်ကော်မတီအရန် ဦးစိုး၊ ဦးသန်းစိုးတို့သည် နယ်မြေ (၂) ခေါင်းဆောင်ပါတီဝင်များနှင့်တွေ့ဆုံဆွေးနွေးလျက်ရှိပါသည်။ အခမ်းအနားတွင် ပါတီအင်းအား ၄၅ ဦးဖြင့် အပြန်အလှန်ဆွေးနွေတင်ပြလျက်ရှိပါကြောင်း တင်ပြလိုက်ပါသည်။
Kosoe