အမျိုးသမီးများဘဝဖွံ့့ဖြိုးတိုးတက်ရေးကိစ္စရပ် များအားနယ်မြေကွင်းဆင်းဆွေးနွေး

ပြည်ထောင်စုနယ်မြေ နေပြည်တော် ဇေယျာသီရိခရိုင် ပုဗ္ဗသီရိမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အမျိုးသမီး ကဏ္ဏ‌‌ တွေ့ဆုံပွဲပြုလုပ်ခဲ့ပါသည်။ အဆိုပါတွေ့ဆုံပွဲအားပုဗ္ဗသီရိမြို့နယ်သုခဒီပရပ်ကွက်၌ ပြည်ထောင်စု နယ်မြေ တိုင်းကော်မတီဝင် အမျိုးသမီးရေးရာ တာဝန်ခံဒေါ်သီတာထွေး၊ တိုင်းကော်မတီဝင် အမျိုးသမီးရေးရာ အဖွဲ့ဝင် ဒေါ်ယဉ်မင်းမြင့်ဆွေနှင့် ပုဗ္ဗသီရိမြို့နယ်ဥက္ကဌဒေါ်ခိုင်ခိုင်ထွေး၊ အမျိုးသမီးတာဝန်ခံများ ဖြစ်ကြသော ဒေါ်ခင်မျိုးနွယ်၊ ဒေါ်ယဉ်မွန်သက်တို့နှင့် အတူသုခဒီပရပ်ကွက် အမျိုးသမီးရေးရာ အဖွဲ့များအင်အား၆၀ဦး တက်ရောက် ခဲ့ကြပြီး အမျိူးသမီးများဖွံ့ဖြိုးတိုးတက်ရေးကစ္စရပ်များကို အပြန်အလှန်ဆွေးနွေးခဲ့ကြပါသည်။