သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေးအတွက် ခြင်ဆေးဖျန်းခြင်းလုပ်ငန်းဆောင်ရွက် ======

 

မဘိမ်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးဇော်လွင်၊ အတွင်းရေးမှူး ဦးတင်ဝယ်၊ မြို့နယ်ပါတီကော်မတီဝင် ဦးကံရွှေ၊ ခရိုင်ပါတီကော်မတီဝင် ဦးတိုးမြင့်အောင်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးအောင်သန်းတို့သည် ယမန်နေ့က နမ့်ပုံးပုံးရပ်ကွက် အခြေခံပညာ မူလတန်းလွန်ကျောင်းတွင် သွေးလွန်တုပ်ကွေးရောဂါကြိုတင် ကာကွယ်ရေးအတွက် စာသင် ခန်းများ၊ ခန်းမများ၊ အိမ်သာများနှင့် ကျောင်းဝင်းအတွင်း ခြင်ဆေးဖျန်းပေးခဲ့ကြသည်။

ခြင်ဆေးဖျန်းပြီးသည့်နောက်တွင် ကျောင်းအုပ်ဆရာမကြီးဒေါ်ခင် အုန်းကြွယ်က ယခုလို ကျောင်းသားကျောင်းသူများရဲ့ကျန်းမာရေးအတွက် ကြိုတင်ကာကွယ်ရေးအနေနဲ့ လာရောက်ဆောင်ရွက်ပေးတဲ့ အတွက် များစွာကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်။

ဇော်လွင်(မဘိမ်း)