ဗဟိုအလုပ်အမှုဆောင်ကော်မတီနှင့် ဟုမ္မလင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီ တွေ့ဆုံပွဲ

 

ဟုမ္မလင်း / ဧပြီ / ၂

ဗဟိုအလုပ်အမှုဆောင်ကော်မတီနှင့် ဟုမ္မလင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီ တွေ့ဆုံပွဲ အခမ်းအနားကို (၂-၄-၂၀၁၉) ရက်နေ့ နံနက် (၉း၃၀)နာရီအချိန် ကျင်းပခဲ့သည်။

အခမ်းအနားသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအကြံပေး ဦးသာအေး၊ ဗဟိုအလုပ်အမှုဆောင် (စစ်ကိုင်းတိုင်းဒေသကြီး တာဝန်ခံ) ဦးမြင့်စိုး၊ တိုင်းဒေသကြီးအလုပ်အမှုဆောင် (ခန္တီးခရိုင်တာဝန်ခံ) ဦးစောမြင့်ဦး၊ ခရိုင်အလုပ်အမှုဆောင် ဦးခင်မောင်ဆွေ၊ ဟုမ္မလင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီ မြို့နယ်အလုပ်အမှုဆောင်များ အရန်မြို့နယ်အလုပ်အမှုဆောင်များ ရပ်ကွက်/ကျေးရွာအုပ်စုပါတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

အဆိုပါ တွေ့ဆုံပွဲသို့ (၁၁၂) ဦး တက်ရောက်ခဲ့ပြီး အစည်းအဝေးကို (၁၁း၃၀)နာရီတွင် အောင်မြင်စွာ ရုတ်သိမ်းခဲ့ကြောင်း သိရသည်။

Ye Wint Khaing