ပါတီဗဟိုအလုပ်အမှုဆောင်များ ဆိပ်ကမ်းနှင့် ထိစပ်မြို့နယ်ပါတီဝင်များနှင့်တွေ့ဆုံ

ရန်ကုန်၊ မေ ၂ဝ

ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင် ရန်ကုန်တိုင်းဒေသကြီးတာဝန်ခံ ဦးခင်ရီ၊ ဗဟိုအလုပ်အမှုဆောင် တိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဦးခင်မောင်စိုးတို့သည် ယနေ့မွန်းလွဲ ၁ နာရီခွဲက ရန်ကုန်တိုင်းဒေသကြီး ဆိပ်ကမ်း မြို့နယ် ပါတီရုံးတွင် ဆိပ်ကမ်းမြို့နယ်ပါတီဝင်များ၊ မြို့နယ်ပါတီဥက္ကဋ္ဌများနှင့်တွေ့ဆုံ၍ ပါတီအောင်နိုင်ရေး လုပ်ငန်းများ ဆောင်ရွက်နေမှုများကို တွေ့ဆုံညှိနှိုင်းခဲ့သည်။ အစီအစဉ်အရ ဆိပ်ကမ်းမြို့နယ်ပါတီဥက္ကဋ္ဌ ဦးနေမျိုးအောင်က ပါတီအောင်နိုင်ရေး ဆောင်ရွက်ထားရှိမှုများကို တင်ပြသည်။

ထို့နောက် ဗဟိုအလုပ်အမှုဆောင် တိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဦးခင်မောင်စိုးက ယနေ့ ဆိပ်ကမ်းမြို့နယ်သို့ လာရောက်ခြင်းမှာ ဆိပ်ကမ်းမြို့နယ်တစ်ခုတည်းအတွက် မဟုတ်ဘဲ အခြားထိစပ် မြို့နယ်များနှင့်ပါ သက်ဆိုင် ကြောင်း၊ မကြာမီကျင်းပမည့် ရွေးကောက်ပွဲအောင်နိုင်ရေးတစ်ခုတည်း မဟုတ်ဘဲ ၂ဝ၂ဝ မှစ၍ စဉ်ဆက်မပြတ် ဆောင်ရွက်သွားရန်ဖြစ်ကြောင်း၊ ပါတီကို စဉ်ဆက်မပြတ် အောင်မြင်အောင် ဆောင်ရွက်သွားနိုင်ရန် စနစ်တကျ ဆောင်ရွက်သွားစေချင်ကြောင်း ပြောကြားသည်။

ဆက်လက်၍ တိုင်းဒေသကြီပါတီတာဝန်ခံ ပါတီဗဟိုအလုပ်အမှုဆောင် ဦးခင်ရီက ပါတီအောင်နိုင်ရေးလုပ်ငန်းများ ကို အချက်အလက်ကိန်းဂဏန်းများနှင့် နည်းစနစ်တကျ ဆောင်ရွက်နိုင်ရန်နှင့် ချက်ချင်းအကောင်အထည်ဖော် ဆောင်ရွက်ရန် ဆွေးနွေးမှာကြားသည်။

ထို့နောက် ဆိပ်ကမ်းမြို့နယ်မဲဆန္ဒနယ် အမှတ် (၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးစံကျော်က ဒေသ ဖွံ့ဖြိုးရေး ဆောင်ရွက်ပေးနိုင်မှုနှင့်ပတ်သက်၍ တင်ပြဆွေးနွေးသည်။

ထို့နောက် ပါတီဗဟိုအလုပ်အမှုဆောင် ဦးခင်ရီက နိဂုံးချုပ် အမှာစကားပြောကြားခဲ့ပြီး အစည်းအဝေး ရုပ်သိမ်းခဲ့သည်။

ထိန်ဝင်း(YGN)