ရသေ့တောင်မြို့နယ်ပါတီ လစဉ်ပုံမှန်အစည်းအဝေးကျင်းပ

 

ရသေ့တောင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီပါတီရုံး၌ ဒီဇင်ဘာ ၉ ရက်နေ့ မွန်းတည့် ၁၂ နာရီက မြို့နယ်ကော်မတီစုံ လစဉ်ပုံမှန် လုပ်ငန်းညှိနှိုင်းအစည်းအဝေး တစ်ရပ်ကို ပြုလုပ်ကျင်းပခဲ့သည်။

အစည်းအဝေးတွင် ခရိုင်ကော်မတီဝင် ဦးသိန်းထွန်း၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးဝေကျော်အောင်၊ မြို့နယ် အတွင်း ရေးမှူးတို့မှ ဆွေးနွေးကြရာတွင် ပြည်ခိုင်ဖြိုးပါတီအနေဖြင့် ပြည်သူ့ပါတီအဖြစ် ခံယူထားသည့်အတွက် ပြည်သူ့ အသံကို နားထောင်ကာ ပြည်သူတို့၏ လိုအပ်ချက်များကို တစ်တပ်တအား ရှေ့မှဦးဆောင်ဦးရွက်ပြုကာ ဆောင်ရွက်လျက်ရှိကြောင်း၊ မိမိတို့မြို့နယ်ပါတီ အနေဖြင့်လည်း အထက်ပါတီ၏ ဦးဆောင်မှုကိုခံယူကာ ပါတီတွင်း စည်းလုံး ညီညွတ်စွာဖြင့် ပြည်သူ့လိုအပ်ချက်နှင့် ပြည်သူ့အသံနားထောင်နိုင်ရန် ပြည်သူရှိသည့်နေရာများသို့ ကွင်းဆင်းဆောင်ရွက်ပြီး လိုအပ်သည့်အခက်အခဲ များအား တတ်နိုင်သည့်ဘက်မှ ဆောင်ရွက်ခြင်း၊ တင်ပြခြင်းများ လုပ်ဆောင် ကြရမည်ဖြစ်ပြီး ရေးရာတာဝန်ခံများအနေဖြင့် မိမိလှုပ်ရှားရမည့် အကျိုးပြုလုပ်ငန်း၊ ပညာပေးလုပ်ငန်းများအား တင်ပြအတည်ပြုချက်ရယူကာ လှုပ်ရှားဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ မြို့နယ်ကော်မတီဝင်များ အနေ ဖြင့် ကွင်းဆင်းရမည့် ကျေးရွာများနှင့် စည်းရုံးရေးအတွက် မိမိတို့အမြင်များ အား တင်ပြကြရန်နှင့် အထက်ပါတီ၏ ညွှန်ကြားချက်များအား ရှင်းလင်းဆွေးနွေးခဲ့သည်။

တက်ရောက်လာကြသူများမှ မိမိတို့ နယ်မြေအခြေအနေများ တင်ပြခြင်း သိလိုသည်များအား မေးမြန်းခြင်းထင်မြင်ချက်များအား ဆွေးနွေးခဲ့ကြသည်။

အစည်းအဝေးသို့ ခရိုင်ကော်မတီဝင် မြို့နယ်ဥက္ကဋ္ဌ အတွင်းရေးမှူး မြို့နယ် ကော်မတီဝင် အရံကော်မတီဝင်ပေါင်း ၂၅ ဦး တက်ရောက်ခဲ့ကြပြီး အစည်းအဝေးကို ဆုံးဖြတ်ချက် ၃ ရပ်ချမှတ်ကာ နေ့လည် ၂ နာရီခွဲတွင် အစည်းအဝေးအား ရုပ်သိမ်းခဲ့ကြကြောင်း သိရသည်။

#Thaungyan


Leave a Reply