ပါတီအောင်နိုင်ရေးဆိုင်းဘုတ်စိုက်ထူ

 

မန္တလေး စက်တင်ဘာ ၃ဝ

မန္တလေးမြို့ မဟာအောင်မြေမြို့နယ် မဟာမြိုင်(၂)ရပ်ကွက် ၆၂x၄ဝလမ်းထောင့်တွင် ယမန်နေ့နံနက် ၉ နာရီက ၂ဝ၁၈ ကြားဖြတ်ရွေးကောက်ပွဲပါတီအောင်နိုင်ရေးဆိုင်းဘုတ်စိုက်ထူခြင်း မင်္ဂလာအခမ်းအနားကို ကျင်းပခဲ့သည်။အခမ်းအနား၌မင်္ဂလာအချိန်ကျရောက် သောအချိန်တွင် ပါတီအောင်နိုင်ရေးဆိုင်း ဘုတ်ကို မန္တလေးတိုင်းဒေသကြီး ပြည်ခိုင် ဖြိုးပါတီကော်မတီဝင် ရှမ်းတိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးစိုင်း အောင်ကြည် ဦးဆောင်သော ပါတီအဖွဲ့ ဝင်များက ဆိုင်းဘုတ်အား အမွှေးနံ့သာ ရည်များပက်ဖျန်း၍ အောင်မြင်စွာစိုက်ထူ ခဲ့ကြသည်။

ထို့နောက် ကြားဖြတ်ရွေးကောက်ပွဲ တွင် ပြည်ခိုင်ဖြိုးပါတီကိုယ်စားပြုဝင် ရောက်ရွေးချယ်ခံမည့် ရှမ်းတိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးစိုင်း အောင်ကြည်သည် ၆၂လမ်း ၃၇x၃၈လမ်း ကြား မဟာမြိုင်(၂)ရပ်ကွက်ရှိ ဒေါ်နန်း အေးကြည်၏ ရွှေမူဆယ်ဆိုင်သို့လည်း ကောင်း၊ မဟာမြိုင်(၁)ရပ်ကွက် ၆၆x၆၇ လမ်းကြား၊ ၃၆လမ်းရှိ ဒေါ်ရီမြင့် နေအိမ် သို့လည်းကောင်း၊ ရဲမွန်တောင်ရပ်ကွက် ၅၉လမ်း ၄ဝx၄၁ လမ်းကြားရှိ ဦးစိန်ဝင်း အောင်နေအိမ်သို့လည်းကောင်းသွားရောက် ၍ ရင်းနှီးနွေးထွေးစွာ တွေ့ဆုံခဲ့သည်။

ထိုသို့တွေ့ဆုံကြရာသို့ မန္တလေးတိုင်း ဒေသကြီး ပြည်ခိုင်ဖြိုးပါတီကော်မတီဝင် ရှမ်းတိုင်းရင်းသားလွှတ်တော်ကိုယ်စားလှယ် လောင်း ဦးစိုင်းအောင်ကြည်၊ မန္တလေးခရိုင် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးဘိုသင်း၊ ခရိုင် အတွင်းရေးမှူး ဒေါ်ဝါဝါလှိုင်၊မြို့နယ်ပါတီ ဥက္ကဋ္ဌ ဦးမြင့်သန်း၊အတွင်းရေးမှူး ဦးသန်း စိုး၊ မြို့နယ်ကော်မတီဝင်များဖြစ်ကြသော ဦးမြအောင်(ဘဏ္ဍာရေးမှူး)၊ဦးကျော်ဆွေ၊ ဒေါ်ရီရီမြင့်၊ဒေါ်ခင်ခင်ဝင်း၊ ဦးအောင်မင်း၊ ရပ်/ကျေးဥက္ကဋ္ဌများနှင့်ပါတီဝင်များ အပါ အဝင် စုစုပေါင်းအင်အား ၈ဝ ခန့် လိုက်ပါ ခဲ့ကြောင်းသိရသည်။

သုတ(မန္တလေး)