တိုက်ကြီးမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဆင်ခြံကျေးရွာအုပ်စုကျေးရွာခွဲများတွင် ပါတီဝင်အင်အားစိစစ်ခြင်းလုပ်ငန်းကွင်းဆင်းဆောင်ရွက်

 

ရန်ကုန်တိုင်းဒေသကြီး တိုက် ကြီးမြို့နယ် ပြည်ခိုင်ဖြိုးပါတီသည် မြို့နယ်ပါတီကော်မတီဝင် တော်လ တီဒေသတာဝန်ခံဦးမြင့်ရွှေ၊မြို့နယ် လူငယ်ရေးရာပါတီကော်မတီဝင် ကိုသန်းနိုင်တို့ ဦးဆောင်ပြီး ယမန်နေ့နံနက် ၉ နာရီမှစတင်၍ တော်လတီဒေသ ဆင်ခြံကျေးရွာ အုပ်စုမွတ်သားကျေးရွာနှင့် အုတ်ဖို စုကျေးရွာများသို့ သွားရောက်ကာ ပါတီဝင်အင်အားစိစစ်ခြင်း၊ ပါတီ ဝင်နှစ်စဉ်ကြေးပေးသွင်းနိုင်ရေး ဆောင်ရွက်ခြင်းလုပ်ငန်းနှင့် ပါတီ ဝင်အင်အားသစ်များ စည်းရုံးခြင်း တို့ကို ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ထိုသို့ကွင်းဆင်းဆောင်ရွက်ရာ တွင် တော်လတီဒေသတာဝန်ခံများ နှင့်အတူ ဆင်ခြံကျေးရွာအုပ်စု ပြည်ခိုင်ဖြိုးပါတီနာယကဦးသောင်း ဟန်၊ ပါတီစည်းရုံးရေးမှူး ဦးလှရွှေ၊ ဒုစည်းမှူး ဦးအောင်ကျော်ဝင်း၊ ရပ်/ကျေး ပါတီကော်မတီဝင် ဦးကျော်ဆန်းဦး၊ဦးအောင်မျိုးမင်း၊ တော်လတီစံပြကျေးရွာ ပါတီ စည်းရုံးရေးမှူး ဦးခင်မောင်စိုးနှင့် အမျိုးသမီးလူငယ်အဖွဲ့၊ သတင်း မီဒီယာတာဝန်ခံ ဦးတင်မောင်ဇော် တို့က အတူပူးပေါင်းလိုက်ပါ ဆောင်ရွက်ခဲ့ကြသည်။

တင်မောင်ဇော်(တိုက်ကြီး)