တီဘီကိုကုဖို့ အချိန်တိုထိရောက်တဲ့ နည်းကို တွေ့ထားပြီ ဖြစ်ကြောင်း WHO ကြေညာ

vaccine

တီဘီရောဂါနဲ့ပက်သက်ပြီး ပိုမိုမြန်မြန်ဆန်ဆန်နဲ့ ကုသနိုင်မယ့်နည်းလမ်းကိုတွေ့ရှိထားတယ်လို့ WHO က ကြေညာလိုက်ပါတယ်။

တီဘီရောဂါကို ကုသတဲ့အခါမှာ စားဆေးတွေ၊ ထိုးဆေးတွေနဲ့ လပေါင်းများစွာကြာအောင် ကုသရတာဖြစ်ပြီး ဒီလိုကြာမြင့်စွာ ကုသမှုတွေကို မလုပ်ချင်ရာက လူနာတွေဟာ သေဆုံးနေရတာ ဖြစ်ပါတယ်။

အခုတွေ့ရှိခဲ့တဲ့နည်းဟာ ကုသချိန်ကို တိုတောင်းသွားစေမယ့်အပြင် ယခင်ထက်လည်း ကုသစရိတ်သက်သာမှာ ဖြစ်တယ်လို့ သိရပါတယ်။

ကုသချိန်ကို လျော့ချလိုက်တာကြောင့် တီဘီတိုက်ဖျက်ရေးမှာ ပိုမိုထိရောက်လာမှာ ဖြစ်ပါတယ်။ အဆိုပါကုသမှုကို နိုင်ငံပေါင်း ၁၀ နိုင်ငံမှာ လူနာပေါင်း ၁၂၀၀ ကို စမ်းသပ်ထားပြီး ထပ်မံစမ်းသပ်မှုတွေ ပြုလုပ်ဖို့လည်း WHO က သုတေသနသမားတွေကို ညွှန်ကြားထားတယ်လို့ သိရပါတယ်။

Photos & Source: Morning Ticker


Leave a Reply