နိုင္ငံတစ္ခုတိုးတက္ဖြံ့ၿဖိဳးေစရန္ နိုင္ငံေရးသမားေကာင္းေတြလိုအပ္သျဖင့္ မိမိတို႔ပါတီဝင္မ်ားနိုင္ငံေရးသမားေကာင္းျဖစ္ရန္ ႀကိဳးစားၾကေစလိုေၾကာင္း မႏၲေလးတိုင္းေဒသႀကီးျပည္ခိုင္ၿဖိဳးပါတီတာဝန္ရွိသူမ်ားႏွင့္ေတြ႕ဆုံပြဲတြင္ပါတီဒုတိယဥကၠ႒ဦးလွထြန္းေျပာၾကား

မႏၲေလး ေဖေဖာ္ဝါရီ ၅

ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ့ၿဖိဳးေရးပါတီ ဒုတိယဥကၠ႒ဦးလွထြန္းႏွင့္အတူမႏၲေလးတိုင္းဒသႀကီးေပါင္းစပ္ညႇိႏွိုင္းေရးမႉး၊ဗဟိုအလုပ္အမႈေဆာင္ေဒါက္တာေမာင္သင္း၊ဗဟိုအလုပ္အမႈေဆာင္ဦးတင့္လွိုင္ျမင့္တို႔ႏွင့္အတူ(၅.၂.၂၀၂၄)ေန႔တြင္ မႏၲေလးတိုင္းေဒသႀကီးပါတီ႐ုံးအစည္းအေဝးခန္းမ၌တိုင္းပါတီတာဝန္ရွိသူမ်ားႏွင့္ေတြ႕ဆုံခဲ့ပါသည္။
ေတြ႕ဆုံပြဲတြင္ ပါတီဒုတိယဥကၠ႒မွ နိုင္ငံတစ္ခုတိုးတက္ဖြံ့ၿဖိဳးေစရန္ နိုင္ငံေရးသမားေကာင္းေတြလိုအပ္သျဖင့္ မိမိတို႔​ပါတီဝင္မ်ားအားနိုင္ငံေရးသမားေကာင္းျဖစ္ရန္ ႀကိဳးစားၾကေစလိုေၾကာင္း၊ ပါတီဝင္အင္အားတိုးပြားေရးအတြက္ အစိမ္းေရာင္စီမံခ်က္ပါ အလႊာလိုက္စည္း႐ုံးရန္လိုေၾကာင္း၊ျပည္သူႏွင့္ဆက္ဆံေရးသည္အေရးႀကီးသျဖင့္အသြင္သစ္ႏွင့္ဆက္ဆံေရးကိုေျပာင္းလဲရန္လိုေၾကာင္း ႏႈတ္ခြန္းဆက္အမွာစကားေျပာၾကားပါသည္။
ဆက္လက္၍ တိုင္းေဒသႀကီးပါတီဥကၠ႒ဦးေအာင္ေက်ာ္မိုးမွ မႏၲေလးတိုင္းေဒသႀကီးရွိခရိုင္(၁၁)ခရိုင္၊ၿမိဳ႕နယ္ (၂၈)ၿမိဳ႕နယ္အတြင္း ပါတီလုပ္ငန္းမ်ား
လုပ္ေဆာင္ထားမႈအေျခအေနမ်ားႏွင့္ေရွ႕ဆက္လုပ္ေဆာင္မည့္ အေၾကာင္းအရာမ်ားကိုပရိုဂ်က္တာျဖင့္ အေသးစိတ္ရွင္းလင္းေဆြးေႏြးခဲ့ပါသည္။
၎ေနာက္တိုင္းပါတီအတြင္းေရးမႉးဦးညႊန္႔ေဆာင္မွနယ္ေျမကြင္းဆင္း၍ၿမိဳ႕နယ္ပါတီ႐ုံးမ်ား၏႐ုံးလုပ္ငန္းလုပ္ေဆာင္ထားရွိမႈအေျခအေနမ်ားကိုလည္းေကာင္း၊တိုင္းပါတီေကာ္မတီဝင္မ်ားမွမိမိတို႔တာဝန္ယူထားရေသာ ေရးရာက႑ႏွင့္ခရိုင္ႏွင့္ၿမိဳ႕နယ္မ်ား၏အေျခအေနမ်ားကိုလည္းေကာင္းရွင္းလင္းေဆြးေႏြးခဲ့ၾကပါသည္။
တိုင္းပါတီေကာ္မတီဝင္မ်ား၏တင္ျပေဆြးေႏြး မႈအေပၚမႏၲေလးတိုင္းေဒသႀကီးေပါင္းစပ္ညႇိႏွိုင္းေရးမႉးဗဟိုအလုပ္အမႈေဆာင္ေဒါက္တာေမာင္သင္းမွလိုအပ္ခ်က္မ်ားထပ္မံျဖည့္စြက္ေဆြးေႏြးခဲ့ၿပီးဗဟိုအလုပ္အမႈေဆာင္ဦးတင့္လွိုင္ျမင့္မွပါတီစည္းကမ္းထိန္းသိမ္းေရးဆိုင္ရာကိစၥမ်ားရွင္းလင္းေဆြးေႏြးခဲ့ပါသည္။
မႏၲေလးတိုင္းေဒသႀကီးပါတီတာဝန္ရွိသူမ်ား၏ တင္ျပေဆြးေႏြးခဲ့ၾကေသာအခ်က္္လက္မ်ားအေပၚဒုတိယဥကၠ႒မွတစ္ခ်က္ခ်င္းစီ ျပန္လည္ရွင္းလင္း​ေပါင္းစပ္ညႇိႏွိုင္းေပးခဲ့ၿပီးမိမိတို႔နိုင္ငံသည္သတင္းမွားမ်ားလႊမ္းမိုးမႈခံေနရေၾကာင္း၊ သတင္းမွားႏွင့္သတင္းမွန္ခြဲျခားနိုင္ဖို႔လိုအပ္ေၾကာင္း၊နိုင္ငံေရးအေျခအေနမွန္မ်ားကိုလည္းအားလုံးသိရွိၿပီးျဖစ္၍မိမိတို႔ ညီညြတ္မွရမည္ျဖစ္ေၾကာင္း၊ပါတီလုပ္ငန္းမ်ားလုပ္ေဆာင္ရာတြင္လည္းစည္းစနစ္က်က်ညီညီညြတ္ညြတ္ႏွင့္ အေျခအေနအရပ္ရပ္ကို သတိမျပတ္ပဲ လုပ္ေဆာင္ၾကရန္မွာၾကားၿပီး ေတြ႕ဆုံပြဲကိုညေနပိုင္းတြင္႐ုပ္သိမ္းခဲ့ပါသည္။

=========

နိုင်ငံတစ်ခုတိုးတက်ဖွံ့ဖြိုးစေရန် နိုင်ငံရေးသမားကောင်းတွေလိုအပ်သဖြင့် မိမိတို့ပါတီဝင်များနိုင်ငံရေးသမားကောင်းဖြစ်ရန် ကြိုးစားကြစေလိုကြောင်း မန္တလေးတိုင်းဒေသကြီးပြည်ခိုင်ဖြိုးပါတီတာဝန်ရှိသူများနှင့်တွေ့ဆုံပွဲတွင်ပါတီဒုတိယဥက္ကဋ္ဌဦးလှထွန်းပြောကြား

မန္တလေး ဖေဖော်ဝါရီ ၅

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌဦးလှထွန်းနှင့်အတူမန္တလေးတိုင်းဒသကြီးပေါင်းစပ်ညှိနှိုင်းရေးမှူး၊ဗဟိုအလုပ်အမှုဆောင်ဒေါက်တာမောင်သင်း၊ဗဟိုအလုပ်အမှုဆောင်ဦးတင့်လှိုင်မြင့်တို့နှင့်အတူ(၅.၂.၂၀၂၄)နေ့တွင် မန္တလေးတိုင်းဒေသကြီးပါတီရုံးအစည်းအဝေးခန်းမ၌တိုင်းပါတီတာဝန်ရှိသူများနှင့်တွေ့ဆုံခဲ့ပါသည်။
တွေ့ဆုံပွဲတွင် ပါတီဒုတိယဥက္ကဋ္ဌမှ နိုင်ငံတစ်ခုတိုးတက်ဖွံ့ဖြိုးစေရန် နိုင်ငံရေးသမားကောင်းတွေလိုအပ်သဖြင့် မိမိတို့​ပါတီဝင်များအားနိုင်ငံရေးသမားကောင်းဖြစ်ရန် ကြိုးစားကြစေလိုကြောင်း၊ ပါတီဝင်အင်အားတိုးပွားရေးအတွက် အစိမ်းရောင်စီမံချက်ပါ အလွှာလိုက်စည်းရုံးရန်လိုကြောင်း၊ပြည်သူနှင့်ဆက်ဆံရေးသည်အရေးကြီးသဖြင့်အသွင်သစ်နှင့်ဆက်ဆံရေးကိုပြောင်းလဲရန်လိုကြောင်း နှုတ်ခွန်းဆက်အမှာစကားပြောကြားပါသည်။
ဆက်လက်၍ တိုင်းဒေသကြီးပါတီဥက္ကဋ္ဌဦးအောင်ကျော်မိုးမှ မန္တလေးတိုင်းဒေသကြီးရှိခရိုင်(၁၁)ခရိုင်၊မြို့နယ် (၂၈)မြို့နယ်အတွင်း ပါတီလုပ်ငန်းများ
လုပ်ဆောင်ထားမှုအခြေအနေများနှင့်ရှေ့ဆက်လုပ်ဆောင်မည့် အကြောင်းအရာများကိုပရိုဂျက်တာဖြင့် အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ပါသည်။
၎င်းနောက်တိုင်းပါတီအတွင်းရေးမှူးဦးညွှန့်ဆောင်မှနယ်မြေကွင်းဆင်း၍မြို့နယ်ပါတီရုံးများ၏ရုံးလုပ်ငန်းလုပ်ဆောင်ထားရှိမှုအခြေအနေများကိုလည်းကောင်း၊တိုင်းပါတီကော်မတီဝင်များမှမိမိတို့တာဝန်ယူထားရသော ရေးရာကဏ္ဍနှင့်ခရိုင်နှင့်မြို့နယ်များ၏အခြေအနေများကိုလည်းကောင်းရှင်းလင်းဆွေးနွေးခဲ့ကြပါသည်။
တိုင်းပါတီကော်မတီဝင်များ၏တင်ပြဆွေးနွေး မှုအပေါ်မန္တလေးတိုင်းဒေသကြီးပေါင်းစပ်ညှိနှိုင်းရေးမှူးဗဟိုအလုပ်အမှုဆောင်ဒေါက်တာမောင်သင်းမှလိုအပ်ချက်များထပ်မံဖြည့်စွက်ဆွေးနွေးခဲ့ပြီးဗဟိုအလုပ်အမှုဆောင်ဦးတင့်လှိုင်မြင့်မှပါတီစည်းကမ်းထိန်းသိမ်းရေးဆိုင်ရာကိစ္စများရှင်းလင်းဆွေးနွေးခဲ့ပါသည်။
မန္တလေးတိုင်းဒေသကြီးပါတီတာဝန်ရှိသူများ၏ တင်ပြဆွေးနွေးခဲ့ကြသောအချက််လက်များအပေါ်ဒုတိယဥက္ကဋ္ဌမှတစ်ချက်ချင်းစီ ပြန်လည်ရှင်းလင်း​ပေါင်းစပ်ညှိနှိုင်းပေးခဲ့ပြီးမိမိတို့နိုင်ငံသည်သတင်းမှားများလွှမ်းမိုးမှုခံနေရကြောင်း၊ သတင်းမှားနှင့်သတင်းမှန်ခွဲခြားနိုင်ဖို့လိုအပ်ကြောင်း၊နိုင်ငံရေးအခြေအနေမှန်များကိုလည်းအားလုံးသိရှိပြီးဖြစ်၍မိမိတို့ ညီညွတ်မှရမည်ဖြစ်ကြောင်း၊ပါတီလုပ်ငန်းများလုပ်ဆောင်ရာတွင်လည်းစည်းစနစ်ကျကျညီညီညွတ်ညွတ်နှင့် အခြေအနေအရပ်ရပ်ကို သတိမပြတ်ပဲ လုပ်ဆောင်ကြရန်မှာကြားပြီး တွေ့ဆုံပွဲကိုညနေပိုင်းတွင်ရုပ်သိမ်းခဲ့ပါသည်။