အောင်လံမြို့နယ်တွင် ရွေးကောက်ပွဲအတွက် ကြေငြာဆိုင်းဘုတ်များအား မင်္ဂလာရှိစွာ ဆိုက်ထူ

 

၉.၉.၂၀၂၀ ရက်နေ့ နံနက် ၈ နာရီ ၁၀ မိနစ်မှ စ၍ ၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲ၌ ဝင်ရောက် ယှဉ်ပြိုင်မည့် အောင်လံပြည်သူ့လွှတ်တော် မဲဆန္ဒနယ်အတွက် ကျွန်တော်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီဗဟိုအတွင်းရေးမှူး ဇေယျကျော်ထင် ဦးတင်အောင်ချစ်၊ အမျိုးသားလွှတ်တော် မဲဆန္ဒနယ် ဦးတင်ဝင်း၊ အမှတ် (၁) တိုင်းဒေသကြီးလွှတ်တော် ဦးခင်ဆွေ၊ အမှတ် (၂) တိုင်းဒေသကြီးလွှတ်တော် ဦးစန်းလွင် တို့ ဦးစီးကာ EC အဖွဲ့များနှင့်အတူ နိုင်ငံတော်အလံနှင့် ပါတီအလံများကိုလွှင့်တင်ကာ အလေးအမြတ်ထား ဂါရဝပြုခဲ့ပါတယ်။

တစ်ဆက်တည်းမှာဘဲ မဲဆန္ဒနယ်အသီးသီးအတွက် USDP ပြည်ခိုင်ဖြိုး ကိုယ်စားလှယ်လောင်းတွေရဲ့ ကြော်ငြာ ဆိုင်းဘုတ်များအား အောင်လံမြို့ပေါ် (၉) ရပ်ကွက်တွင် ကြေငြာဆိုင်းဘုတ် (၉) ခု၊ ပါတီရုံးတွင် (၁) ခု စုစုပေါင်း ကြေငြာဆိုင်းဘုတ် (၁၀) ခုအား အောင်သပြေ အမွှေးနံ့သာများဖြင့် ပက်ဖြန်းကာ အောင်လံဆိုက်ထူ နိုင်ခဲ့ပါတယ်။

ဆက်လက်ပြီး COVID-19 ရောဂါကာကွယ်ရေးအတွက် မြို့ပေါ်ရပ်ကွက်များတွင် ရဟန်းရှင်၊လူ၊မိဘပြည်သူ များအား ပါးစပ်နှာခေါင်းစည်း Mask အခု (၂၂၀၀) ခု Quarantine ဝင်နေသူများအား အခု (၃၀၀) ခု စုစုပေါင်း (၂၅၀၀) ခုအား အခမဲ့ဝေငှပေးခဲ့ပါသည်။