ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင် ဦးစိုးနိုင် ဖျာပုံခရိုင် ရွေးကောက်ပွဲ အောင်နိုင်ရေး အလံလွှင့်တင်

 

ဖျာပုံ စက်တင်ဘာ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် ဖျာပုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စား လှယ်လောင်း ဦးစိုးနိုင်သည် ဖျာပုံမြို့နယ် အထွေထွေရွေးကောက်ပွဲ အောင်နိုင်ရေး အလံအား ဖျာပုံခရိုင်ရုံးတွင် ယမန်နေ့ နံနက်ပိုင်းက လွှင့်တင်ခဲ့သည်။

ရွေးကောက်ပွဲအောင်နိုင်ရေး အလံလွှင့်တင်မှု အခမ်းအနားအား နံနက် ၈ နာရီတွင် စတင်ခဲ့ပြီး နိုင်ငံတော် သီချင်းသီဆိုပြီးနောက် ရွေးကောက်ပွဲအောင်နိုင်ရေး အလံအား ဦးစိုးနိုင်က လွှင့်တင်ခဲ့သည်။

ထို့နောက် ဖျာပုံမြို့နယ်နှင့် ဒေးဒရဲမြို့နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်မည့် ဒေါက်တာမြတ်မြတ်အုန်းခင် အောင်နိုင်ရေးအမွှေးနံ့သာများ ပက်ဖျန်းပေးခဲ့ပြီး ရွေးကောက်ပွဲ အလံအား အခမ်းအနားတက်ရောက်သည့် ဦးစိုးနိုင်၊ ဒေါက်တာ မြတ်မြတ်အုန်းခင်နှင့် ဖျာပုံခရိုင် ပါတီကော်မတီဝင်များက အလေးပြုခဲ့ကြပြီးနောက် အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။

NG