ထန်းတပင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီဓမ္မစကူးလ် ဖွင့်ပွဲတွင် အာဟာရဒါနပြု ကျွေးမွေး

 

ရန်ကုန် မေ ၁၉

ရန်ကုန်မြောက်ပိုင်းခရိုင် ထန်းတပင်မြို့နယ် လမုတန်းကြီးကျေးရွာ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံတွင် ယမန်နေ့ နံနက် ၉ နာရီ တွင် ဓမ္မစကူးလ်ဖွင့်ပွဲ အခမ်းအနား ဖွင့်လှစ်ကြောင်း သိရသည်။

အဆို ပါအခမ်းအနားသို့ ထန်းတပင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ မြို့နယ်ပါတီကော်မတီဝင် ဘဏ္ဍာရေးမှူး ဒေါ်အေးသီတာထွန်း တက်ရောက်ခဲ့ပြီး ပြည်ခိုင်ဖြိုးပါတီမှ အာဟာရဒါန လှူဒါန်းခဲ့ရာ ကျေးရွာ ဓမ္မစကူးလ်အဖွဲ့ တာဝန်ရှိသူတစ်ဦးက ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ခဲ့သည်ကို ဒေါ်အေးသီတာထွန်းမှ လက်ခံ ရယူပြီး ဖွင့်ပွဲအခမ်းအနားကို နံနက် ၁ဝ နာရီတွင် ပြီးဆုံးကြောင်း သိရသည်။ ဇော်သိန်း(ထန်းတပင်)