တစ္ပတ္အတြင္း COVID-19 အတည္ျပဳလူနာသစ္ ၄၈ ဦးေတြ႕ရွိ

ျပည္တြင္း၌ၿပီးခဲ့သည့္ႏွစ္(ဒီဇင္ဘာ ၃၁ ရက္မွ ယခုလ ဇန္နဝါရီ ၇ ရက္) အထိ ရက္သတၱပတ္အတြင္း COVID-19 ဓာတ္ခြဲအတည္ျပဳလူနာသစ္ ၄၈ ဦး ေတြ႕ရွိရေၾကာင္း နစက၏ က်န္းမာေရးဝန္ႀကီးဌာနက ထုတ္ျပန္ထားသည္။
ေရာဂါပိုးေတြ႕ရွိမႈရာခိုင္ႏႈန္းမွာ ၀ ဒသမ ၃၃ ရာခိုင္ႏႈန္းျဖစ္ေၾကာင္း၊ အစီရင္ခံကာလအတြင္း COVID-19 ေရာဂါျဖင့္ေသဆုံးသူမရွိေၾကာင္း ယင္းထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။
ၿပီးခဲ့သည့္ႏွစ္ ဒီဇင္ဘာ ၂၄ ရက္မွ ဒီဇင္ဘာ ၃၁ ရက္အထိ ရက္သတၱပတ္အတြင္း ဓာတ္ခြဲနမူနာစုစုေပါင္း ၁၃,၃၇၁ ခုအား စစ္ေဆးၿပီးစီးခဲ့ရာ COVID-19 ဓာတ္ခြဲအတည္ျပဳလူနာသစ္ ၂၆ ဦး ေတြ႕ရွိရေၾကာင္း ဆက္လက္ထုတ္ျပန္ထားသည္။
ျမန္မာနိုင္ငံ၌ COVID-19 စတင္ျဖစ္ေပၚသည့္ ၂၀၂၀ ျပည့္ႏွစ္၊ မတ္ ၂၃ ရက္မွ ၂၀၂၄ ခုႏွစ္ ဇန္နဝါရီ ၇ ရက္၊ ည ၈ နာရီအထိ ျမန္မာနိုင္ငံတြင္ COVID-19 အတည္ျပဳလူနာ ၆၄၁,၄၉၆ ဦး၊ ပိုးေတြ႕ျပန္လည္ သက္သာလူနာ ၆၂၀,၁၅၉ ဦးႏွင့္ ပိုးေတြ႕ေသဆုံးလူနာ ၁၉,၄၉၄ ဦးရွိေၾကာင္း နစက၏က်န္းမာေရးဝန္ႀကီးဌာနကထုတ္ျပန္ထားသည္။
အိမ္နီးျခင္းနိုင္ငံတခ်ိဳ႕တြင္လည္း ကိုရိုနာဗိုင္းရပ္စ္၏မ်ိဳးကြဲသစ္မ်ားေၾကာင့္ ကူးစက္မႈႏႈန္းမ်ား ျမင့္တက္လ်က္ရွိေၾကာင္း နိုင္ငံတကာသတင္းမ်ားတြင္ေဖာ္ျပထားသည္။

===============

တစ်ပတ်အတွင်း COVID-19 အတည်ပြုလူနာသစ် ၄၈ ဦးတွေ့ရှိ

ပြည်တွင်း၌ပြီးခဲ့သည့်နှစ်(ဒီဇင်ဘာ ၃၁ ရက်မှ ယခုလ ဇန်နဝါရီ ၇ ရက်) အထိ ရက်သတ္တပတ်အတွင်း COVID-19 ဓာတ်ခွဲအတည်ပြုလူနာသစ် ၄၈ ဦး တွေ့ရှိရကြောင်း နစက၏ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
ရောဂါပိုးတွေ့ရှိမှုရာခိုင်နှုန်းမှာ ၀ ဒသမ ၃၃ ရာခိုင်နှုန်းဖြစ်ကြောင်း၊ အစီရင်ခံကာလအတွင်း COVID-19 ရောဂါဖြင့်သေဆုံးသူမရှိကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ပြီးခဲ့သည့်နှစ် ဒီဇင်ဘာ ၂၄ ရက်မှ ဒီဇင်ဘာ ၃၁ ရက်အထိ ရက်သတ္တပတ်အတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း ၁၃,၃၇၁ ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ဓာတ်ခွဲအတည်ပြုလူနာသစ် ၂၆ ဦး တွေ့ရှိရကြောင်း ဆက်လက်ထုတ်ပြန်ထားသည်။
မြန်မာနိုင်ငံ၌ COVID-19 စတင်ဖြစ်ပေါ်သည့် ၂၀၂၀ ပြည့်နှစ်၊ မတ် ၂၃ ရက်မှ ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၇ ရက်၊ ည ၈ နာရီအထိ မြန်မာနိုင်ငံတွင် COVID-19 အတည်ပြုလူနာ ၆၄၁,၄၉၆ ဦး၊ ပိုးတွေ့ပြန်လည် သက်သာလူနာ ၆၂၀,၁၅၉ ဦးနှင့် ပိုးတွေ့သေဆုံးလူနာ ၁၉,၄၉၄ ဦးရှိကြောင်း နစက၏ကျန်းမာရေးဝန်ကြီးဌာနကထုတ်ပြန်ထားသည်။
အိမ်နီးခြင်းနိုင်ငံတချို့တွင်လည်း ကိုရိုနာဗိုင်းရပ်စ်၏မျိုးကွဲသစ်များကြောင့် ကူးစက်မှုနှုန်းများ မြင့်တက်လျက်ရှိကြောင်း နိုင်ငံတကာသတင်းများတွင်ဖော်ပြထားသည်။