ပျောက်ဆုံးတပ်မတော် ဂျက်လေယာဉ် ဧရာဝတီနှင့် ရခိုင်အစပ်တွင် ဦးစားပေးရှာဖွေနေ

 

လေ့ကျင့်ပျံသန်းနေစဉ် အဆက်အသွယ်ပြတ်ပြီး ပျောက်ဆုံးခဲ့သော တပ်မတော်ပိုင်ဂျက်လေယာဉ် ပြန်မတွေ့ သေးကြောင်း၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ် နယ်စပ်နေရာ များတွင် ဦးစားပေးရှာဖွေနေ ကြောင်း ဧရာဝတီတိုင်းဒေသကြီး မီးသတ်တပ်ဖွဲ့ တာဝန်ရှိသူတစ် ဦးက ပြောသည်။

စက်တင်ဘာ ၅ ရက် နံနက် ၉ နာရီ ၁၈ မိနစ်တွင် ပျောက်ဆုံးခဲ့ သော တပ်မတော်ပိုင် ဂျက်လေ ယာဉ်နှင့် ပတ်သက်၍ ‘‘သာပေါင်းနဲ့ ရွှေသောင်ယံ နယ်စပ်က သံဖြူကျေးရွာနေရာမှာ ရှာနေတယ်။ ရခိုင်နဲ့ဧရာဝတီ ဆက်စပ်ရာနေရာပေါ့။ သွားနေတုန်းရှိပါသေး တယ်။ ရှေ့တန်းကနေ ဘာမှသ တင်းမရသေးဘူး’’ ဟု ဧရာဝတီ တိုင်းဒေသကြီး မီးသတ်တပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးကဆိုသည်။

ပျောက်ဆုံးလေယာဉ်ရှာဖွေ ကယ်ဆယ်ရေးအဖွဲ့သည် ဧရာဝတီတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ် နယ်စပ်မြို့ ဖြစ်သည့် ပင်လယ်နှင့် ထိစပ်နေသော သာပေါင်း၊ ရွှေသောင်ယံမြို့နယ်ခွဲနှင့် ဂွမြို့နယ်အတွင်း ပိုက်စိပ်တိုက် ရှာဖွေနေကြောင်း ဒေသခံများက ဆိုသည်။

တပ်မတော်ပိုင် G-4 ဂျက် လေယာဉ်သုံးစီးသည် ဧရာဝတီ တိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ် ထိစပ်ရာ ဒေသများတွင် ပါဝင်သော ပုသိမ်-ဟင်္သာတ-ဂွ- ပု သိမ်လမ်းကြောင်းအတိုင်း ပျံသန်းလေ့ကျင့်ခဲ့သည်။ ထိုသို့ ပျံသန်း နေစဉ် ဂျက်လေယာဉ်တစ်စီးသည် ပုသိမ်မြို့၏ အနောက်ဘက် ၃၆ မိုင်ခန့်အကွာ၌ ပုသိမ်လေ ဆိပ်နှင့် နောက်ဆုံးအဆက်အ သွယ်ရရှိပြီးနောက်ပိုင်း ပျောက် ဆုံးနေကြောင်း တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ်ရုံးက သတင်း ထုတ်ပြန်ထားသည်။

ပျောက်ဆုံးနေသည့် G-4 ဂျက်လေယာဉ်ကို မြေပြင်တပ်များနှင့် တပ်မတော် (လေ) မှ လေယာဉ်၊ ရဟတ်ယာဉ် များဖြင့် ရှာဖွေနေကြောင်း တပ်မတော်က ထုတ်ပြန်ထားသည်။ ဂျက်လေယာဉ်ပျောက်ဆုံး နေသော သတင်းကို တပ်မတော် က စက်တင်ဘာ ၅ ရက်တွင် တစ် ကြိမ်ထုတ်ပြန်ထားပြီး နောက် ဆက်တွဲသတင်းကို စက်တင်ဘာ ၆ ရက်ည ၈ နာရီခန့်အထိ ထုတ် ပြန်ခြင်းမရှိသေးပေ။ တပ်မတော် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် အောင်ရဲဝင်း ကို ဆက်သွယ်ရာမ အားလပ်သေး၍ မဖြေကြားနိုင် သေးကြောင်း ပြောသည်။

ဇွန်လ ၇ ရက်က တပ်မ တော်မိသားစုနှင့် လေယာဉ်အမှု ထမ်း စုစုပေါင်း ၁၂၂ ဦးပါဝင် သော တပ်မတော် ပို့ဆောင်ရေး လေယာဉ်သည် မြိတ်မှရန်ကုန်သို့ ပျံသန်းစဉ်ပျောက်ဆုံးခဲ့ပြီး ဇွန်လ၈ ရက်မှ ပျက်ကျကြောင်း အ တည်ပြုနိုင်ခဲ့သည်။