၂၁ ရာစုပင်လုံညီလာခံတွင် လုံခြုံရေးအထူးတင်းကျပ်မည်

1unnamed

၂၁ ရာစု ပင်လုံညီ လာခံတွင် လုံခြုံရေးအထူးတင်း ကျပ်မည်ဖြစ်ပြီး ပွဲကျင်းပမည့်နေ ရာ၌ လူအ၀င်အထွက်ကို အဓိက ထိန်းချုပ်မည်ဟု နေပြည်တော် တိုင်းရဲတပ်ဖွဲ့ရုံးမှ ရဲမှူးကြီးဇော် ခင်အောင်က ပြောသည်။ ၂၁ ရာစုပင်လုံ ညီလာခံကို နေပြည်တော်ရှိ MICC 2 တွင် သြဂုတ် ၃၁ ရက်မှ စက်တင်ဘာ ၄ ရက်အထိ ငါးရက်ကြာ ကျင်းပ မည်ဖြစ်သည်။

‘‘တက်ရောက်မယ့် ဧည့်သည်အပိုင်း စိစစ်မှုကို တင်းတင်း ကျပ်ကျပ် ဆောင်ရွက်သွားဖို့ ရှိ ပါတယ်။ စိစစ်တဲ့အခါမှာ တက် ရောက်မယ့်သူတွေ၊ လာမယ့်ဧည့် သည်တွေ ဒါတွေနဲ့ပတ်သက်ပြီး မလိုလားအပ်တာတွေ မဖြစ် အောင် ကတ်စနစ်တွေ၊ စိစစ်တဲ့ဝင်ပေါက်တွေ အရင်ကထက်ပိုပြီးတော့ တင်းတင်းကျပ်ကျပ် လုပ်ထားပါတယ်။ အစည်းအဝေး ခန်းမထဲမှာ ဒီကတ်မှဝင်ရမယ်ဆိုရင် အဲဒီလူပဲ။ တခြားလူဆိုရင် ဆွဲ ထုတ်မှာတွေကို တိတိကျကျ လုပ် ထားတယ်’’ဟု ရဲမှူးကြီးဇော်ခင် အောင်က ပြောသည်။

၂၁ ရာစုပင်လုံညီလာခံအ တွက် လုံခြုံရေးကို သမ္မတရုံးက သီးခြားညွှန်ကြားချက် ပေးထား ခြင်းမရှိသော်လည်း ပြည်ထဲရေး၊ သမ္မတရုံးနှင့် သက်ဆိုင်ရာဝန်ကြီးဌာနတို့ ၂၁ ရာစု ပင်လုံညီလာခံလုံခြုံရေးကို အပြည့်အ၀ ဆောင်ရွက်နိုင်ရန် ညှိနှိုင်းဆွေးနွေးပွဲများ ပြုလုပ်ခဲ့ကြသည်ဟု ၎င်းက ပြောသည်။

‘‘၂၁ ရာစု ပင်လုံညီလာခံကို လုံးဝအထိခိုက်မခံနိုင်ဘူး။ ဒါကြောင့် မြို့အ၀င်ကနေရော မြို့ ထဲမှာတောက်လျှောက် လုံခြုံရေးကို တိတိကျကျ ဆောင်ရွက်ထားတယ်’’ဟု ရဲမှူးကြီး ဇော်ခင်အောင်ကပြောသည်။ ၂၁ ရာစု ပင်လုံ ညီလာခံတွင် ရဲတပ်ဖွဲ့အင် အား မည်မျှသုံးမည်ကို အတိအ ကျပြောဆိုခြင်းမရှိသော်လည်း နေပြည်တော်ရှိ ရဲတပ်ဖွဲ့အင်အား စုစုပေါင်း၏ ၆၀ ရာခိုင်နှုန်းကို အသုံးပြုမည်ဟု ၎င်းကဆိုသည်။ အိုင်အက်စ်အဖွဲ့အကြမ်း ဖက်သမား ခြိမ်းခြောက်မှုများရှိ ထား၍ ယခင်ကတည်းက သမ္မတရုံး ညွှန်ကြားချက်ဖြင့် နေပြည်တော်တိုင်း လုံခြုံရေးကို တိုးမြှင့် ဆောင်ရွက်ထားပြီးဖြစ်သည်ဟု ရဲမှူးကြီးဇော်ခင်အောင်က ပြော သည်။

ထို့အပြင် အိုင်အက်စ်အဖွဲ့ ခြိမ်းခြောက်မှုသတင်းကြောင့် ၂၁ ရာစုပင်လုံညီလာခံကို လုံခြုံရေး အင်အားအပြည့်ဖြင့် မြှင့်တင်ထား သည်ဟုလည်း နိုင်ငံတော်အတိုင် ပင်ခံပုဂ္ဂိုလ်ရုံးမှ ဒုတိယညွှန်ကြား ရေးမှူးချုပ်ဦးဇော်ဌေးက ပြောကြားထားသည်။ ၂၁ ရာစုပင်လုံညီလာခံသို့လူဦးရေတစ်ထောင်ကျော် တက် ရောက်မည်ဟုတာဝန်ရှိသူများက ခန့်မှန်းပြောကြားထားသည်။


Leave a Reply