ဒိန္းမတ္ဘုရင္မႀကီး ဇန္နဝါရီလ ၁၄ ရက္တြင္ နန္းစြန႔္မည္

January 5

ဒိန္းမတ္ဘုရင္မႀကီး မာဂရတ္ ၂ သည္ ဇန္နဝါရီလ ၁၄ ရက္တြင္ နန္းစြန႔္မည္ျဖစ္ေၾကာင္း ၎၏ႏွစ္သစ္ကူးမိန႔္ခြန္းတြင္ ထည့္သြင္းေျပာခဲ့ေၾကာင္း သိရသည္။

“မိမိအေနနဲ႔ ဒီအခ်ိန္က ဆုံးျဖတ္ခ်က္ ခ်မွတ္ဖို႔ အခ်ိန္ေကာင္းျဖစ္တယ္လို႔ သတ္မွတ္ပါတယ္။ ခမည္းေတာ္ဆီကေန ထီးနန္းအရိုက္အရာကို ဆက္ခံခဲ့တာ ၅၂ ႏွစ္ၾကာၿပီးေနာက္ ဇန္နဝါရီလ ၁၄ ရက္မွာ ဒိန္းမတ္ဘုရင္မႀကီး အျဖစ္ကေန နန္းစြန႔္ေတာ့မွာပါ”ဟု ဘုရင္မႀကီး မာဂရတ္ ၂ ကေျပာေၾကာင္း The Independent သတင္းစာကေဖာ္ျပထားသည္။

ယခုအခါ အသက္ ၈၃ ႏွစ္ရွိေနၿပီ ျဖစ္သည့္ ဘုရင္မႀကီး မာဂရတ္ ၂ သည္ ထီးနန္းကို ၎၏ သားအႀကီးဆုံးျဖစ္သည့္ အိမ္ေရွ႕မင္းသား ဖရက္ဒရစ္ထံသို႔ လႊဲေျပာင္း ေပးသြားမည္ျဖစ္ေၾကာင္း မိန႔္ခြန္းတြင္ ေဖာ္ျပထားသည္။

ဘုရင္မႀကီး မာဂရတ္ ၂ သည္ ယေန႔ကမၻာေပၚတြင္ တစ္ဦးတည္းေသာႏွင့္ နန္းသက္ အရွည္ၾကာဆုံးေသာ ဘုရင္မႀကီး ျဖစ္ေၾကာင္း သိရသည္။

===============

ဒိန်းမတ်ဘုရင်မကြီး ဇန်နဝါရီလ ၁၄ ရက်တွင် နန်းစွန့်မည်

January 5

ဒိန်းမတ်ဘုရင်မကြီး မာဂရတ် ၂ သည် ဇန်နဝါရီလ ၁၄ ရက်တွင် နန်းစွန့်မည်ဖြစ်ကြောင်း ၎င်း၏နှစ်သစ်ကူးမိန့်ခွန်းတွင် ထည့်သွင်းပြောခဲ့ကြောင်း သိရသည်။

“မိမိအနေနဲ့ ဒီအချိန်က ဆုံးဖြတ်ချက် ချမှတ်ဖို့ အချိန်ကောင်းဖြစ်တယ်လို့ သတ်မှတ်ပါတယ်။ ခမည်းတော်ဆီကနေ ထီးနန်းအရိုက်အရာကို ဆက်ခံခဲ့တာ ၅၂ နှစ်ကြာပြီးနောက် ဇန်နဝါရီလ ၁၄ ရက်မှာ ဒိန်းမတ်ဘုရင်မကြီး အဖြစ်ကနေ နန်းစွန့်တော့မှာပါ”ဟု ဘုရင်မကြီး မာဂရတ် ၂ ကပြောကြောင်း The Independent သတင်းစာကဖော်ပြထားသည်။

ယခုအခါ အသက် ၈၃ နှစ်ရှိနေပြီ ဖြစ်သည့် ဘုရင်မကြီး မာဂရတ် ၂ သည် ထီးနန်းကို ၎င်း၏ သားအကြီးဆုံးဖြစ်သည့် အိမ်ရှေ့မင်းသား ဖရက်ဒရစ်ထံသို့ လွှဲပြောင်း ပေးသွားမည်ဖြစ်ကြောင်း မိန့်ခွန်းတွင် ဖော်ပြထားသည်။

ဘုရင်မကြီး မာဂရတ် ၂ သည် ယနေ့ကမ္ဘာပေါ်တွင် တစ်ဦးတည်းသောနှင့် နန်းသက် အရှည်ကြာဆုံးသော ဘုရင်မကြီး ဖြစ်ကြောင်း သိရသည်။