၂၀၂၃ ခုႏွစ္ ပရီမီယမ္ စမတ္ဖုန္းေဈးကြက္မွာ Apple ေရာင္းအား အေကာင္းဆုံး ျဖစ္ခဲ့

ပရီမီယမ္ စမတ္ဖုန္း ေဈးကြက္မွာ Apple ကို ဘယ္သူမွ မယွဥ္နိုင္ပါဘူး။ Counterpoint Research ရဲ့ စစ္တမ္းအရ ၂၀၂၃ ခုႏွစ္ ပရီမီယမ္ စမတ္ဖုန္းေဈးကြက္မွာ Apple ေရာင္းအား အေကာင္းဆုံး ျဖစ္ခဲ့ပါတယ္။
၂၀၂၃ ခုႏွစ္ရဲ့ ပရီမီယမ္ စမတ္ဖုန္းေဈးကြက္မွာ Apple ဟာ ေဈးကြက္ေဝစု ၇၁ ရာခိုင္ႏႈန္းေတာင္ရခဲ့ၿပီး Samsung က ၁၇ ရာခိုင္ႏႈန္းနဲ႔ နံပါတ္ ၂ ေနရာမွာ ရွိေနပါတယ္။ Apple နဲ႔ Samsung ရဲ့ ေဈးကြက္ေဝစုဟာ ေတာ္ေတာ္ ကြာျခားေနတာကို ေတြ႕ရပါတယ္။
နံပါတ္ ၃ ေနရာကို Huawei က ၅ ရာခိုင္ႏႈန္း၊ နံပါတ္ ၂ ေနရာကို Xiaomi က ၂ ရာခိုင္ႏႈန္း၊ နံပါတ္ ၃ ေနရာကို OPPO က ၁ ရာခိုင္ႏႈန္းနဲ႔ ရရွိထားပါတယ္။
၂၀၂၃ ခုႏွစ္ ကြာတား ၄ ရဲ့ ေဒတာအရ ေဒၚလာ ၆၀၀ ထက္ပိုမ်ားတဲ့ စမတ္ဖုန္း ေရာင္းအားဟာ အရင္ႏွစ္ကထက္ ၆ ရာခိုင္ႏႈန္း ပိုမ်ားလာပါတယ္။ စမတ္ဖုန္း အားလုံးရဲ့ ၂၄ ရာခိုင္ႏႈန္းဟာ ပရီမီယမ္ စမတ္ဖုန္းေတြ ျဖစ္ပါတယ္။ သုံးစြဲသူေတြဟာ ပိုမိုၾကာရွည္စြာ အသုံးျပဳနိုင္တဲ့ အရည္အေသြးျမင့္ ဖုန္းေတြကို ပိုမို ႏွစ္သက္လာၾကတယ္လို႔ အႀကီးတန္း ေလ့လာဆန္းစစ္သူ Varun Mishra ကေျပာပါတယ္။
Ref : gsmarena

============

၂၀၂၃ ခုနှစ် ပရီမီယမ် စမတ်ဖုန်းဈေးကွက်မှာ Apple ရောင်းအား အကောင်းဆုံး ဖြစ်ခဲ့

ပရီမီယမ် စမတ်ဖုန်း ဈေးကွက်မှာ Apple ကို ဘယ်သူမှ မယှဉ်နိုင်ပါဘူး။ Counterpoint Research ရဲ့ စစ်တမ်းအရ ၂၀၂၃ ခုနှစ် ပရီမီယမ် စမတ်ဖုန်းဈေးကွက်မှာ Apple ရောင်းအား အကောင်းဆုံး ဖြစ်ခဲ့ပါတယ်။
၂၀၂၃ ခုနှစ်ရဲ့ ပရီမီယမ် စမတ်ဖုန်းဈေးကွက်မှာ Apple ဟာ ဈေးကွက်ဝေစု ၇၁ ရာခိုင်နှုန်းတောင်ရခဲ့ပြီး Samsung က ၁၇ ရာခိုင်နှုန်းနဲ့ နံပါတ် ၂ နေရာမှာ ရှိနေပါတယ်။ Apple နဲ့ Samsung ရဲ့ ဈေးကွက်ဝေစုဟာ တော်တော် ကွာခြားနေတာကို တွေ့ရပါတယ်။
နံပါတ် ၃ နေရာကို Huawei က ၅ ရာခိုင်နှုန်း၊ နံပါတ် ၂ နေရာကို Xiaomi က ၂ ရာခိုင်နှုန်း၊ နံပါတ် ၃ နေရာကို OPPO က ၁ ရာခိုင်နှုန်းနဲ့ ရရှိထားပါတယ်။
၂၀၂၃ ခုနှစ် ကွာတား ၄ ရဲ့ ဒေတာအရ ဒေါ်လာ ၆၀၀ ထက်ပိုများတဲ့ စမတ်ဖုန်း ရောင်းအားဟာ အရင်နှစ်ကထက် ၆ ရာခိုင်နှုန်း ပိုများလာပါတယ်။ စမတ်ဖုန်း အားလုံးရဲ့ ၂၄ ရာခိုင်နှုန်းဟာ ပရီမီယမ် စမတ်ဖုန်းတွေ ဖြစ်ပါတယ်။ သုံးစွဲသူတွေဟာ ပိုမိုကြာရှည်စွာ အသုံးပြုနိုင်တဲ့ အရည်အသွေးမြင့် ဖုန်းတွေကို ပိုမို နှစ်သက်လာကြတယ်လို့ အကြီးတန်း လေ့လာဆန်းစစ်သူ Varun Mishra ကပြောပါတယ်။
Ref : gsmarena