လေပါင္းမ်ားစြာၾကာၿပီးေနာက္ ပထမဆုံးအေနျဖင့္ ႐ုရွားႏွင့္ယူကရိန္းတို႔ စစ္သုံ႔ပန္းလဲလွယ္မႈျပဳလုပ္

ေမာ္စကို၊ဇန္နဝါရီ ၅

႐ုရွားႏွင့္ယူကရိန္းတို႔သည္ ငါးလနီးပါးၾကာျမင့္ၿပီးေနာက္ ပထမဆုံးအေနျဖင့္ စစ္သုံ႔ပန္းမ်ားကို ရာ ႏွင့္ ခ်ီ၍လဲလွယ္ခဲ့ေၾကာင္း တရားဝင္ေၾကညာခ်က္ထုတ္ျပန္ခဲ့သည္။ ႏွစ္ဖက္ထုတ္ျပန္ခ်က္၌ စစ္သုံ႔ပန္း ၂၀၀ ေက်ာ္အား အသီးသီးလဲလွယ္ခဲ့သည္ဟုလည္းသိရသည္။
သမၼတဇလန္းစကီး၏ထုတ္ျပန္ခ်က္၌မူ ယူကရိန္းအက်ဥ္းသား ၂၀၀ ေက်ာ္အားလက္ခံရရွိေၾကာင္းေဖာ္ျပထားၿပီး ျပန္လည္လြတ္ေျမာက္လာသူမ်ားအား ႀကိဳဆိုပြဲက်င္းပေနသည့္ဗီဒီယိုအား တယ္လီဂရမ္၌တင္ထားခဲ့သည္။
ယူကရိန္း လူ႔အခြင့္အေရးဆိုင္ရာ စုံစမ္းစစ္ေဆးေရးအရာရွိကမူ ယူကရိန္းစစ္သုံ႔ပန္း ၂၃၀ လြတ္ေျမာက္လာၿပီး ယခုတစ္ႀကိမ္သည္ ၄၉ ႀကိမ္ေျမာက္လဲလွယ္မႈလည္းျဖစ္ေၾကာင္းေျပာၾကားခဲ့သည္။
ေမာ္စကိုကာကြယ္ေရးဝန္ႀကီးဌာန၏ထုတ္ျပန္ခ်က္၌မူ ႐ုရွားစစ္သုံ႔ပန္း ၂၄၈ ဦးျပန္လည္လြတ္ေျမာက္လာၿပီး ယခုတစ္ႀကိမ္ အာရပ္ေစာ္ဘြားမ်ားျပည္ေထာင္စု၏ ၾကားဝင္ေစ့စပ္မႈျဖင့္ အေၾကအလည္ေဆြးေႏြးၿပီးမွ လဲလွယ္ခဲ့ၾကျခင္းျဖစ္သည္ဟုလည္းဆိုခဲ့သည္။
သို႔ေသာ္ ၎တို႔ႏွစ္နိုင္ငံလုံးသည္ ႏွစ္ဖက္လုံး၌ ထိန္းသိမ္းထားသည့္ သုံ႔ပန္းအေရအတြက္ မည္မၽွက်န္ရွိေနေသးသည္ကိုမူ ထုတ္ေဖာ္ေျပာၾကားျခင္းမရွိခဲ့ၾကေပ။
လြတ္ေျမာက္လာသည့္ ယူကရိန္းစစ္သုံ႔ပန္းႏွစ္ရာေက်ာ္အနက္ ၆၆ ဦးသည္ ၂၀၂၂ ခုႏွစ္ေမလက ႐ုရွားထိန္းခ်ဳပ္မႈေအာက္ေရာက္သြားရသည့္ မာရီယိုပူးလ္ၿမိဳ႕မွ တပ္ဖြဲ႕ဝင္မ်ားျဖစ္ေၾကာင္းလည္းသိရသည္။
Source : CNA

============

လပေါင်းများစွာကြာပြီးနောက် ပထမဆုံးအနေဖြင့် ရုရှားနှင့်ယူကရိန်းတို့ စစ်သုံ့ပန်းလဲလှယ်မှုပြုလုပ်

မော်စကို၊ဇန်နဝါရီ ၅

ရုရှားနှင့်ယူကရိန်းတို့သည် ငါးလနီးပါးကြာမြင့်ပြီးနောက် ပထမဆုံးအနေဖြင့် စစ်သုံ့ပန်းများကို ရာ နှင့် ချီ၍လဲလှယ်ခဲ့ကြောင်း တရားဝင်ကြေညာချက်ထုတ်ပြန်ခဲ့သည်။ နှစ်ဖက်ထုတ်ပြန်ချက်၌ စစ်သုံ့ပန်း ၂၀၀ ကျော်အား အသီးသီးလဲလှယ်ခဲ့သည်ဟုလည်းသိရသည်။
သမ္မတဇလန်းစကီး၏ထုတ်ပြန်ချက်၌မူ ယူကရိန်းအကျဉ်းသား ၂၀၀ ကျော်အားလက်ခံရရှိကြောင်းဖော်ပြထားပြီး ပြန်လည်လွတ်မြောက်လာသူများအား ကြိုဆိုပွဲကျင်းပနေသည့်ဗီဒီယိုအား တယ်လီဂရမ်၌တင်ထားခဲ့သည်။
ယူကရိန်း လူ့အခွင့်အရေးဆိုင်ရာ စုံစမ်းစစ်ဆေးရေးအရာရှိကမူ ယူကရိန်းစစ်သုံ့ပန်း ၂၃၀ လွတ်မြောက်လာပြီး ယခုတစ်ကြိမ်သည် ၄၉ ကြိမ်မြောက်လဲလှယ်မှုလည်းဖြစ်ကြောင်းပြောကြားခဲ့သည်။
မော်စကိုကာကွယ်ရေးဝန်ကြီးဌာန၏ထုတ်ပြန်ချက်၌မူ ရုရှားစစ်သုံ့ပန်း ၂၄၈ ဦးပြန်လည်လွတ်မြောက်လာပြီး ယခုတစ်ကြိမ် အာရပ်စော်ဘွားများပြည်ထောင်စု၏ ကြားဝင်စေ့စပ်မှုဖြင့် အကြေအလည်ဆွေးနွေးပြီးမှ လဲလှယ်ခဲ့ကြခြင်းဖြစ်သည်ဟုလည်းဆိုခဲ့သည်။
သို့သော် ၎င်းတို့နှစ်နိုင်ငံလုံးသည် နှစ်ဖက်လုံး၌ ထိန်းသိမ်းထားသည့် သုံ့ပန်းအရေအတွက် မည်မျှကျန်ရှိနေသေးသည်ကိုမူ ထုတ်ဖော်ပြောကြားခြင်းမရှိခဲ့ကြပေ။
လွတ်မြောက်လာသည့် ယူကရိန်းစစ်သုံ့ပန်းနှစ်ရာကျော်အနက် ၆၆ ဦးသည် ၂၀၂၂ ခုနှစ်မေလက ရုရှားထိန်းချုပ်မှုအောက်ရောက်သွားရသည့် မာရီယိုပူးလ်မြို့မှ တပ်ဖွဲ့ဝင်များဖြစ်ကြောင်းလည်းသိရသည်။
Source : CNA