ဆီဗီရာရို ဒွန်းညက်စ်မြို့အား ရုရှားတပ် ပိတ်ဆို့ဖြတ်တောက်

ယူကရိန်းအရှေ့ပိုင်းဒေသက ဆီဗီရာရို ဒွန်းညက်စ်ကို ရုရှားတပ်တွေက ပိတ်ဆို့ဖြတ်တောက်ပြီး ထိန်းချုပ် ထားလိုက်ပြီဖြစ်ပါတယ်။ ဒီပိတ်ဆို့ဖြတ်တောက်မှုကို ယူကရိန်းခွဲထွက်ရေး သူပုန်တွေနဲ့အတူ ရုရှားတပ်တွေက လုပ်ဆောင်ခဲ့တာပါ။ အဲဒီအတွက် ဆီဗီရာ ဒွန်းညက်စ်မြို့အတွင်း ယူကရိန်းတပ်တွေအတွက် လက်နက်ချဖို့ ကလွဲရင် တခြားရွေးချယ်စရာမရှိတော့ဘူးလို့ ရုရှားတပ် ထိပ်တန်းအရာရှိ တစ်ယောက်ကပြောပါတယ်။  ဆီဗီရာရို ဒွန်းညက်စ်မြို့နဲ့ လိုင်ဆေးချန့်ခ် ဆက်သွယ်ထားတဲ့တံတားကို ဖောက်ခွဲပစ်လိုက်ပြီးနောက် မြို့ကိုပိတ်ဆို့ခံထားခဲ့ရ တာလို့ ဒွန်းညက်စ် ခွဲထွက်ရေး သူပုန်ဖြစ်တဲ့ ဒွန်းညက်စ်ပြည်သူ့စစ်ခေါင်းဆောင်တစ်ယောက် ကပြောပါတယ်။ မြို့တွင်းထဲက ယူကရိန်းတပ်တွေအနေနဲ့ တခြားရွေးစရာမရှိဘဲ အဇော့စတောလ်မြို့ဥပမာကို လိုက်ပြီး လက်နက် ချဖို့ပဲ ကျန်တော့တယ်လို့ သူကဆိုပါတယ်။ ဆီဗီရာရို ဒွန်းညက်စ်ဟာ ယူကရိန်းရှေ့ပိုင်း ဒွန်းဘက်စ်ဒေသ တိုက်ပွဲ တွေရဲ့ အဓိကဗဟိုချက်ဖြစ်ပြီး  မြို့တွင်းမှာ ယူကရိန်းတပ်သား တစ်သောင်းလောက်ကျန်ရှိနေသေးတာဖြစ်ပါ တယ်။