ရုရှား က ဓာတ်ငွေ့ ပေးပို့မှု လျှော့ချလိုက်လို့ ဥရောပ က ကျောက်မီးသွေး ပြန်သုံးရဖွယ်ရှိ

ရှရှား က ဓါတ်ငွေ့ ပေးပို့တာတွေကို လျှော့ချလိုက်လို့ ရုရှားဆီက ဓာတ်ငွေကို အများဆုံး ဝယ်ယူနေကြတဲ့ ဥရောပနိုင်ငံတွေ က တခြားလောင်စာအရင်းအမြစ်တွေကို အပူတပြင်း စတင်ရှာဖွေနေကြပြီး ကျောက်မီးသွေးဆီ ပြန်လည်ဦးလှည့်ရဖွယ် ရှိနေပါတယ်။ အကယ်၍သာ ပြန်ပြီး မဖြည့်တင်းခဲ့ရင် သူတို့အနေနဲ့ ဆောင်းရာသီမှာ စွမ်းအင် အကျပ်အတည်းနဲ့ ရင်ဆိုင်ရနိုင်ပါတယ်။

ဓါတ်ငွေ့ဈေးနှုန်းတွေ ခေါင်ခိုက်သွားစေခဲ့တဲ့ အကျပ်အတည်းကို ကျောက်မီးသွေးသုံး ဓါတ်အားပေး စက်ရုံတွေက ကူညီပေးနိုင်တယ်လို့ အီတလီ ၊ ဂျာမနီ ၊ ဩစတီးယားနဲ့ နယ်သာလန် နိုင်ငံတို့က အရိပ်အမြွက်ပြောကြပါတယ်။

မိမိတို့အနေနဲ့ ကျောက်မီသွေးသုံး ဓာတ်အားပေးစက်ရုံတွေအပေါ် ချမှတ်ထားတဲ့ ကန့်သတ်ချက်တွေကို ဖယ်ရှားသွားမှာဖြစ်ကြောင်း နဲ့ စွမ်းအင်အကျပ်အတည်းတုံ့ပြန်မှု ပထမအဆင့်ကို စတင်လိုက်ကြောင်း နယ်သာလန်အစိုးရကပြောပါတယ်။

ရုရှားဆီက‌ ဓာတ်ငွေ့ပေးပို့မှု မရေရာမှုကြောင့် ဒိန်းမတ်အစိုးရကလည်း ဓာတ်ငွေ့ အရေးပေါ်အခြေအနေ ပထမအဆင့်ကို စတင်လိုက်ပါတယ်။

ရုရှား စွမ်းအင်ကုမ္ပဏီကြီး ဂက်စ်ပရွန် က အီတလီ ရေနံကုမ္ပဏီ Eni ကို သူတို့တောင်းဆိုထားတဲ့ ဓာတ်ငွေ့ တချို့တစ်ဝက်ပဲ ရနိုင်မယ်လို့ အကြောင်းကြားခဲ့လို့ အီတလီက စွမ်းအင်နဲ့ပတ်သက်ပြီး သတိပေးချက် ထုတ်ပြန်ဖို့ နီးစပ်လာပါတယ်။

ရုရှားဆီက ဓာတ်ငွေ့ပေးပို့မှု နည်းပါးလာတာနဲ့ ကြုံနေတဲ့ ဂျာမနီကလည်း ဓာတ်ငွေ့သိုလှောင်မှု ဖြည့်တင်းနိုင်မယ့် အစီအစဉ်ကို ကြေညာခဲ့ပြီး သူတို့ အနားပေးတော့မယ်လို့ ရည်မှန်းထားတဲ့ ကျောက်မီးသွေးသုံး ဓာတ်အားပေး စက်ရုံတွေကို ပြန်လည် လည်ပတ်ရနိုင်တယ်လို့ပြောကြားပါတယ်။

ရုရှား ကတော့ ဥရောပအနေနဲ့ ကိုယ်ကိုယ်ကိုယ်သာ အပြစ်တင်ရလိမ့်မယ်လို့ သူတို့အရင်ဝေဖန်မှု ဓာတ်ပြားဟောင်းကြီးကိုပဲ ပြန်ဖွင့်ခဲ့ပါတယ်။

-Ref:Reuters