ဉာဏ္ရည္တု နည္းပညာ ပါတဲ့ AI PC ေတြ လာေတာ့မည္

ဉာဏ္ရည္တု နည္းပညာ (AI) ပါတဲ့ စမတ္ဖုန္းေတြကို စတင္ ထုတ္လုပ္ေနၾကၿပီ ျဖစ္ပါတယ္။ ကိုယ္ပိုင္သုံး ကြန္ျပဴတာလို႔ ေခၚတဲ့ Personal Computer (PC) ေတြမွာလည္း AI ပါလာေတာ့မွာပါ။
ကမၻာ့ PC ေဈးကြက္မွာ ဦးေဆာင္ေနတဲ့ Lenovo ဟာ AI နည္းပညာ ပါတဲ့ Lenovo Xiaoxin Pro AI Ultrabook 2024 ကို ေၾကညာထားၿပီး ၂၀၂၄ ခုႏွစ္ စက္တင္ဘာလမွာ ေရာင္းခ်ဖို႔ စီစဥ္ထားပါတယ္။ AI PC ေတြဟာ User ရဲ့ အသုံးျပဳပုံအေၾကာင္းကို ပိုမို နားလည္ၿပီး မ်ားစြာ အကူအညီေပးနိုင္ပါတယ္။
အခုေတာ့ IDC China က ထုတ္ျပန္တဲ့ AI PC Industry White Paper မွာ တ႐ုတ္မွာ ၂၀၂၄ ခုႏွစ္မွာ AI PC ေဈးကြက္ဟာ ႀကီးထြားလာမယ္လို႔ ခန႔္မွန္းထားပါတယ္။ ၂၀၂၄ ခုႏွစ္မွာ တ႐ုတ္က PC အသစ္ေတြရဲ့ ထက္ဝက္ေက်ာ္ဟာ AI PC ေတြ ျဖစ္လာမွာပါ။ ၂၀၂၇ ခုႏွစ္အေရာက္မွာ AI PC ေတြဟာ ၈၁ ရာခိုင္ႏႈန္းအထိ ရွိလာမွာပါ။
HP နဲ႔ Acer တို႔လို ကုမၸဏီေတြကလည္း ၂၀၂၄ ခုႏွစ္နဲ႔ ၂၀၂၅ ခုႏွစ္အတြင္း AI PC ေတြ ေရာင္းခ်ဖို႔ ႀကိဳးစားေနၾကပါတယ္။ Intel က ၂၀၂၅ ခုႏွစ္မွာ PC သန္း ၁၀၀ ေက်ာ္မွာ AI စြမ္းရည္ ထည့္သြင္းေပးဖို႔ ရည္ရြယ္ထားပါတယ္။ ဒါ့အျပင္ Intel, Lenovo , iQiyi တို႔ဟာ AI PC ေဈးကြက္မွာ ပူးေပါင္းဖို႔ သေဘာတူညီထားၾကပါတယ္။
Ref : gizmochina

=================

ဉာဏ်ရည်တု နည်းပညာ ပါတဲ့ AI PC တွေ လာတော့မည်
ဉာဏ်ရည်တု နည်းပညာ (AI) ပါတဲ့ စမတ်ဖုန်းတွေကို စတင် ထုတ်လုပ်နေကြပြီ ဖြစ်ပါတယ်။ ကိုယ်ပိုင်သုံး ကွန်ပြူတာလို့ ခေါ်တဲ့ Personal Computer (PC) တွေမှာလည်း AI ပါလာတော့မှာပါ။
ကမ္ဘာ့ PC ဈေးကွက်မှာ ဦးဆောင်နေတဲ့ Lenovo ဟာ AI နည်းပညာ ပါတဲ့ Lenovo Xiaoxin Pro AI Ultrabook 2024 ကို ကြေညာထားပြီး ၂၀၂၄ ခုနှစ် စက်တင်ဘာလမှာ ရောင်းချဖို့ စီစဉ်ထားပါတယ်။ AI PC တွေဟာ User ရဲ့ အသုံးပြုပုံအကြောင်းကို ပိုမို နားလည်ပြီး များစွာ အကူအညီပေးနိုင်ပါတယ်။
အခုတော့ IDC China က ထုတ်ပြန်တဲ့ AI PC Industry White Paper မှာ တရုတ်မှာ ၂၀၂၄ ခုနှစ်မှာ AI PC ဈေးကွက်ဟာ ကြီးထွားလာမယ်လို့ ခန့်မှန်းထားပါတယ်။ ၂၀၂၄ ခုနှစ်မှာ တရုတ်က PC အသစ်တွေရဲ့ ထက်ဝက်ကျော်ဟာ AI PC တွေ ဖြစ်လာမှာပါ။ ၂၀၂၇ ခုနှစ်အရောက်မှာ AI PC တွေဟာ ၈၁ ရာခိုင်နှုန်းအထိ ရှိလာမှာပါ။
HP နဲ့ Acer တို့လို ကုမ္ပဏီတွေကလည်း ၂၀၂၄ ခုနှစ်နဲ့ ၂၀၂၅ ခုနှစ်အတွင်း AI PC တွေ ရောင်းချဖို့ ကြိုးစားနေကြပါတယ်။ Intel က ၂၀၂၅ ခုနှစ်မှာ PC သန်း ၁၀၀ ကျော်မှာ AI စွမ်းရည် ထည့်သွင်းပေးဖို့ ရည်ရွယ်ထားပါတယ်။ ဒါ့အပြင် Intel, Lenovo , iQiyi တို့ဟာ AI PC ဈေးကွက်မှာ ပူးပေါင်းဖို့ သဘောတူညီထားကြပါတယ်။
Ref : gizmochina