ဒ႐ုန္းနဲ႔ ေထာင္ထဲကို မူးယစ္ေဆးဝါးေတြ ပို႔ေဆာင္ေနတဲ့ လူေတြကို ျပင္သစ္မွာ ဖမ္းဆီး

ဒ႐ုန္းနဲ႔ ေထာင္ထဲကို တရားမဝင္ ပစၥည္းေတြ ပို႔ေဆာင္တဲ့ သတင္းေတြ အရင္က ၾကားခဲ့ရဖူးပါတယ္။ အခုလည္း ျပင္သစ္မွာ အဲဒီလို ျဖစ္ရပ္မ်ိဳး ျဖစ္ပြားခဲ့ပါတယ္။
ျပင္သစ္ နိုင္ငံ ေဘာ္ဒိုးမွ ရဲေတြက ဒ႐ုန္းနဲ႔ ေထာင္ထဲကို မူးယစ္ေဆးဝါး၊ အရက္၊ iPhone နဲ႔ တျခား တားျမစ္ ပစၥည္းေတြကို ပို႔ေဆာင္မႈနဲ႔ အသက္ ၁၇ ႏွစ္အရြယ္ လူငယ္ အမ်ိဳးသား တစ္ေယာက္နဲ႔ အရြယ္ေရာက္ၿပီးသား အမ်ိဳးသမီး ႏွစ္ေယာက္ကို ဖမ္းဆီးလိုက္ပါတယ္။
လူငယ္က ဒ႐ုန္း ေမာင္းႏွင္တဲ့ တာဝန္ယူထားၿပီး အမ်ိဳးသမီး ႏွစ္ေယာက္က ဒ႐ုန္းလႊတ္တင္တဲ့ ေနရာထံ လူငယ္ကို ကားနဲ႔ ပို႔ေဆာင္ေပးပါတယ္။ လူငယ္ရဲ့ အစ္ကိုက ဂရာဒီဂန္ အက်ဥ္းေထာင္မွာ ဒ႐ုန္းနဲ႔ ပို႔ေဆာင္တဲ့ တရားမဝင္ ပစၥည္းေတြကို လက္ခံရယူၿပီး ေထာင္ထဲမွာ ျဖန႔္ျဖဴးေရာင္းခ်ေနတာ ျဖစ္ပါတယ္။
အဲဒီလို တရားမဝင္ အလုပ္ေတြ လုပ္ဖို႔ ဒ႐ုန္းေတြကို အသုံးခ်ေနၾကတဲ့အတြက္ နိုင္ငံမ်ားစြာမွာ ဒ႐ုန္း အသုံးျပဳခြင့္ကို ကန႔္သတ္ထိန္းခ်ဳပ္ထားၾကပါတယ္။ ဒ႐ုန္းမွာ ဗုံးနဲ႔ လက္နက္ေတြ တပ္ဆင္ကာ အၾကမ္းဖက္နိုင္တဲ့အထိ ဒ႐ုန္းေတြဟာ အႏၲရာယ္မ်ားပါတယ္။
Ref : interestingengineering

==============

ဒရုန်းနဲ့ ထောင်ထဲကို မူးယစ်ဆေးဝါးတွေ ပို့ဆောင်နေတဲ့ လူတွေကို ပြင်သစ်မှာ ဖမ်းဆီး
ဒရုန်းနဲ့ ထောင်ထဲကို တရားမဝင် ပစ္စည်းတွေ ပို့ဆောင်တဲ့ သတင်းတွေ အရင်က ကြားခဲ့ရဖူးပါတယ်။ အခုလည်း ပြင်သစ်မှာ အဲဒီလို ဖြစ်ရပ်မျိုး ဖြစ်ပွားခဲ့ပါတယ်။
ပြင်သစ် နိုင်ငံ ဘော်ဒိုးမှ ရဲတွေက ဒရုန်းနဲ့ ထောင်ထဲကို မူးယစ်ဆေးဝါး၊ အရက်၊ iPhone နဲ့ တခြား တားမြစ် ပစ္စည်းတွေကို ပို့ဆောင်မှုနဲ့ အသက် ၁၇ နှစ်အရွယ် လူငယ် အမျိုးသား တစ်ယောက်နဲ့ အရွယ်ရောက်ပြီးသား အမျိုးသမီး နှစ်ယောက်ကို ဖမ်းဆီးလိုက်ပါတယ်။
လူငယ်က ဒရုန်း မောင်းနှင်တဲ့ တာဝန်ယူထားပြီး အမျိုးသမီး နှစ်ယောက်က ဒရုန်းလွှတ်တင်တဲ့ နေရာထံ လူငယ်ကို ကားနဲ့ ပို့ဆောင်ပေးပါတယ်။ လူငယ်ရဲ့ အစ်ကိုက ဂရာဒီဂန် အကျဉ်းထောင်မှာ ဒရုန်းနဲ့ ပို့ဆောင်တဲ့ တရားမဝင် ပစ္စည်းတွေကို လက်ခံရယူပြီး ထောင်ထဲမှာ ဖြန့်ဖြူးရောင်းချနေတာ ဖြစ်ပါတယ်။
အဲဒီလို တရားမဝင် အလုပ်တွေ လုပ်ဖို့ ဒရုန်းတွေကို အသုံးချနေကြတဲ့အတွက် နိုင်ငံများစွာမှာ ဒရုန်း အသုံးပြုခွင့်ကို ကန့်သတ်ထိန်းချုပ်ထားကြပါတယ်။ ဒရုန်းမှာ ဗုံးနဲ့ လက်နက်တွေ တပ်ဆင်ကာ အကြမ်းဖက်နိုင်တဲ့အထိ ဒရုန်းတွေဟာ အန္တရာယ်များပါတယ်။
Ref : interestingengineering