ယူကရိန်းရဲ့ အင်တာနက်ကို ထိန်းချုပ်ထားတဲ့ ရုရှား

ရုရှားဟာ ဧပြီလ နှောင်းပိုင်းမှာ ယူကရိန်းရဲ့ Kherson မြို့ကို စစ်ရေးအရ ထိန်းချုပ်ထားနိုင်ခဲ့ပါတယ်။ အဲဒီမြို့ခံလူများစွာက မေလ ၃၀ ရက်နေ့မှာ အင်တာနက် ပြဿနာ ဖြစ်ခဲ့တယ်လို့ ပြောကြပါတယ်။ ၁ နာရီကြာလောက် သူတို့ဟာ အင်တာနက်နဲ့ ဖုန်းလိုင်းတွေ မရခဲ့ကြပါဘူး။ တစ်နည်းပြောရရင် ရုရှားဟာ သူတို့ကို အင်တာနက် ဖြတ်တောက်ကာ ကမ္ဘာကြီးနဲ့ အဆက်အသွယ် ဖြတ်ခဲ့တာပါ။

အင်တာနက် ပြန်ရတာနဲ့ သူတို့ဟာ ရုရှားရဲ့ အင်တာနက်ကို ချိတ်ဆက်ထားကြတာကို သိလိုက်ရပါတယ်။ အခုဆိုရင် အဲဒီမြို့မှာ နေတဲ့ လူပေါင်း ၂၈၀,၀၀၀ ကျော်ဟာ ရုရှား အခြေခံအဆောက်အဦးတွေကနေ ဖြတ်ကာ ယူကရိန်း အင်တာနက်ကို သုံးနေကြရပါတယ်။

ဒါ့အပြင် သူတို့ဟာ ရုရှား SIM Card နဲ့ ရုရှား ဖုန်းနံပါတ်တွေကိုပဲ ဝယ်ယူနိုင်ကြပါတယ်။ ရုရှားဟာ ယူကရိန်းရဲ့ ဒေသတွေကို စစ်ရေးအရ ထိန်းချုပ်ပြီးနောက်မှာ အင်တာနက် ဆာဗာ၊ ကြိုးတွေနဲ့ ဖုန်းတွေကို ထိန်းချုပ်တဲ့ စနစ်ကို ကျင့်သုံးနေပါတယ်။

State Services for Special Communication and Information Protection (SSSCIP) လို့ ခေါ်တဲ့ ယူကရိန်း ဆိုက်ဘာ လုံခြုံရေး အေဂျင်စီမှ အကြီးအကဲ Victor Zohora က “ ဒါဟာ လူ့ အခွင့်အရေးကို အကြီးအကျယ် ချိုးဖောက်တာပါ။ Traffic အားလုံးကို ရုရှားက ထိန်းချုပ်ထားတဲ့အတွက် လူတိုင်းကို စောင့်ကြည့်စစ်ဆေးနိုင်ပြီး သတင်းမှန်တွေ မရရှိတော့ပါဘူး။ “ လို့ ပြောပါတယ်။

Ref : gizchina