အသင္းပိုင္ရွင္က ဒိုင္လူႀကီးကို ထိုးႀကိတ္ခဲ့ၿပီးေနာက္ တူရကီလိဂ္ကို ဆိုင္းငံ့

ဒီဇင္ဘာ ၁၃

Rizespor အသင္းနဲ႔ ကစားခဲ့တဲ့ Super Lig အိမ္ကြင္းပြဲစဥ္မွာ Ankaragucu အသင္းရဲ့ အသင္းပိုင္ရွင္ Faruk Koca က ပြဲႀကီးၾကပ္တဲ့ ဒိုင္လူႀကီးကို လက္သီးနဲ႔ထိုးကာ နိုင္ငံရဲ့ ေလာလုံးေလာကအတြက္ ရွက္စရာျဖစ္ခဲ့ၿပီးေနာက္ တူရကီေဘာလုံးအဖြဲ႕ခ်ဳပ္ က လိဂ္အားလုံးက ပြဲစဥ္ေတြကို ဆိုင္းငံ့ထားလိုက္ပါတယ္။

ႏွစ္ဘက္ တစ္ဂိုးစီ သေရက်ခဲ့တဲ့ ပြဲစဥ္ ရဲ့ ပြဲခ်ိန္ ၉၇ မိနစ္မွာ ဧည့္သည္အသင္း Rizespor က ေခ်ပဂိုးသြင္းယူခဲ့တာျဖစ္ပါတယ္။ ပြဲသိမ္းခရာ မႈတ္ၿပီးေနာက္မွာ အသင္းပိုင္ရွင္က ကြင္းထဲဝင္လာၿပီး ဒိုင္လူႀကီး Halil Umut Meler ကို လက္သီးနဲ႔ထိုးခဲ့တာျဖစ္ပါတယ္။ လဲက်သြားတဲ့ ဒိုင္လူႀကီးကို ဝိုင္းဝန္းကန္ေက်ာက္သူေတြလည္း ရွိခဲ့ၿပီး ေနာက္ပိုင္းမွာ ဒိုင္လူႀကီး မီလာကို ရဲအေစာင့္အေရွာက္နဲ႔ အဝတ္လဲခန္းဆီ ပို႔ေဆာင္ခဲ့ရပါတယ္။

ဒီျဖစ္ရပ္က တူရကီေဘာလုံးေလာကအတြက္ စိတ္ပ်က္စရာျဖစ္ရပ္ပဲလို႔ တူရကီေဘာလုံးအဖြဲ႕ခ်ဳပ္က ထုတ္ျပန္သြားခဲ့ၿပီး ဒီျဖစ္ရပ္နဲ႔ပတ္သက္လို႔ လူႏွစ္ေယာက္ကို ဖမ္းဆီးထိန္းသိမ္း ထားတယ္လို႔ ေနာက္ပိုင္းမွာ သတင္းထုတ္ျပန္ခဲ့ပါတယ္။

အသက္ ၃၇ ႏွစ္အရြယ္ ဒိုင္လူႀကီးမီလာဟာ ဖီဖာ အသိအမွတ္ျပဳ ဒိုင္လူႀကီးအျဖစ္ ၂၀၁၇ ကတည္းက တာဝန္ယူခဲ့တာျဖစ္ၿပီး နိုဝင္ဘာ ၂၈ ရက္ေန႔က ကစားခဲ့တဲ့ လာဇီယိုနဲ႔ ဆဲလ္တစ္အသင္းတို႔ရဲ့ ခ်န္ပီယံလိဂ္အုပ္စုပြဲကို တာဝန္ယူထားခဲ့သူလည္း ျဖစ္ပါတယ္။

==============

အသင်းပိုင်ရှင်က ဒိုင်လူကြီးကို ထိုးကြိတ်ခဲ့ပြီးနောက် တူရကီလိဂ်ကို ဆိုင်းငံ့

ဒီဇင်ဘာ ၁၃

Rizespor အသင်းနဲ့ ကစားခဲ့တဲ့ Super Lig အိမ်ကွင်းပွဲစဉ်မှာ Ankaragucu အသင်းရဲ့ အသင်းပိုင်ရှင် Faruk Koca က ပွဲကြီးကြပ်တဲ့ ဒိုင်လူကြီးကို လက်သီးနဲ့ထိုးကာ နိုင်ငံရဲ့ လောလုံးလောကအတွက် ရှက်စရာဖြစ်ခဲ့ပြီးနောက် တူရကီဘောလုံးအဖွဲ့ချုပ် က လိဂ်အားလုံးက ပွဲစဉ်တွေကို ဆိုင်းငံ့ထားလိုက်ပါတယ်။

နှစ်ဘက် တစ်ဂိုးစီ သရေကျခဲ့တဲ့ ပွဲစဉ် ရဲ့ ပွဲချိန် ၉၇ မိနစ်မှာ ဧည့်သည်အသင်း Rizespor က ချေပဂိုးသွင်းယူခဲ့တာဖြစ်ပါတယ်။ ပွဲသိမ်းခရာ မှုတ်ပြီးနောက်မှာ အသင်းပိုင်ရှင်က ကွင်းထဲဝင်လာပြီး ဒိုင်လူကြီး Halil Umut Meler ကို လက်သီးနဲ့ထိုးခဲ့တာဖြစ်ပါတယ်။ လဲကျသွားတဲ့ ဒိုင်လူကြီးကို ဝိုင်းဝန်းကန်ကျောက်သူတွေလည်း ရှိခဲ့ပြီး နောက်ပိုင်းမှာ ဒိုင်လူကြီး မီလာကို ရဲအစောင့်အရှောက်နဲ့ အဝတ်လဲခန်းဆီ ပို့ဆောင်ခဲ့ရပါတယ်။

ဒီဖြစ်ရပ်က တူရကီဘောလုံးလောကအတွက် စိတ်ပျက်စရာဖြစ်ရပ်ပဲလို့ တူရကီဘောလုံးအဖွဲ့ချုပ်က ထုတ်ပြန်သွားခဲ့ပြီး ဒီဖြစ်ရပ်နဲ့ပတ်သက်လို့ လူနှစ်ယောက်ကို ဖမ်းဆီးထိန်းသိမ်း ထားတယ်လို့ နောက်ပိုင်းမှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။

အသက် ၃၇ နှစ်အရွယ် ဒိုင်လူကြီးမီလာဟာ ဖီဖာ အသိအမှတ်ပြု ဒိုင်လူကြီးအဖြစ် ၂၀၁၇ ကတည်းက တာဝန်ယူခဲ့တာဖြစ်ပြီး နိုဝင်ဘာ ၂၈ ရက်နေ့က ကစားခဲ့တဲ့ လာဇီယိုနဲ့ ဆဲလ်တစ်အသင်းတို့ရဲ့ ချန်ပီယံလိဂ်အုပ်စုပွဲကို တာဝန်ယူထားခဲ့သူလည်း ဖြစ်ပါတယ်။