ဗဟိုလူငယ္ေရးရာတာဝန္ခံႏွင့္ ေတြ႕ဆုံပြဲျပဳလုပ္က်င္းပ

ေတာင္ႀကီး ဒီဇင္ဘာ ၁၁
ရွမ္းျပည္နယ္(ေတာင္ပိုင္း)၊ျပည္ေထာင္စု ႀကံ့ခိုင္ေရးႏွင့္ ဖြံ့ၿဖိဳးေရးပါတီ ျပည္နယ္ပါတီ႐ုံး အစည္းအေဝးခန္းမ၌ ( ၁၁. ၁၂. ၂၀၂၃ ) ရက္ေန႔ နံနက္ ( ၁၀:၀၀ ) နာရီအခ်ိန္မွ ေန႔လည္ ( ၁၂:၃၀ ) နာရီအခ်ိန္ထိ ပါတီဗဟိုအလုပ္အမႈ​ေဆာင္အထက္ျမန္မာျပည္(လူငယ္ေရးရာတာဝန္ခံ) ေဒါက္တာေအာင္ျမတ္ဦး၊ ဗဟိုအလုပ္အမႈေဆာင္ ေအာက္ျမန္မာျပည္ (လူငယ္ေရးရာတာဝန္ခံ) ေဒၚသိဂႌဝင္းေရႊ တို႔သည္ ျပည္နယ္ပါတီဥကၠ႒ ဦးစိုင္းလုံေက်ာ္၊ ျပည္နယ္ ေခတၱအတြင္းေရးမႉး ဦးစိန္ေလးေမာင္ ၊လူငယ္ေရးရာ တာဝန္ခံ ဦးေစာထြန္းခိုင္ႏွင့္ျပည္နယ္ပါတီေကာ္မတီဝင္မ်ား၊ ေတာင္ႀကီးခရိုင္၊ နန႔္စန္ခရိုင္၊ပအိုဝ္းကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ေရေဒသမွ ပါတီဥကၠ႒ႏွင့္ေကာ္မတီဝင္မ်ား၊ေတာင္ႀကီးၿမိဳ႕နယ္၊ရပ္ေစာက္ၿမိဳ႕နယ္၊ကေလာၿမိဳ႕နယ္တို႔မွ ပါတီဥကၠ႒ႏွင့္ ေကာ္မတီဝင္မ်ား စုစုေပါင္အင္အား(၂၇)ဦးႏွင့္ လူငယ္ေရးရာကိစၥရပ္မ်ားႏွင့္ပတ္သက္ၿပီး ေတြ႕ဆုံေဆြးေႏြးခဲ့ၾကေၾကာင္း သိရွိရပါသည္။
ေဆြးေႏြးပြဲတြင္ ေဒါက္တာေအာင္ျမတ္ဦးမွ လက္ရွိနိုင္ငံေရးအေျခအေနႏွင့္ လူငယ္မ်ားအေၾကာင္း၊ အစိမ္းေရာင္စီမံခ်က္ႏွင့္ ပတ္သတ္သည့္ ရည္ရြယ္ခ်က္ ၊ ရည္မွန္းခ်က္မ်ား၊လုပ္ငန္းလုပ္ေဆာင္ရမည့္ အခ်က္အလက္မ်ားကို အေသးစိတ္ ရွင္းလင္းေဆြးေႏြးၿပီး ေဒၚသိဂႌဝင္းေရႊ မွ ပါတီအႀကီးအကဲမ်ား​၏ လုပ္ငန္းလမ္းညႊန္ခ်က္၊ ၎လုပ္ငန္းကို ဦးတည္အုပ္စုႏွင့္ အလႊာလိုက္ အင္အားထားရွိၿပီး ေဆာင္ရြက္ရန္ ၊ Key Performance Index Chack List ( K P I ) ႏွင့္ပတ္သက္သည့္အခ်က္အလက္မ်ား ေဆာင္ရြက္ၿပီးစီးသည့္ၿမိဳ႕နယ္မ်ားကိုစိစစ္ခဲ့ၿပီး ( KPI) အားအေသးစိတ္ ရွင္းလင္းေဆြးေႏြးခဲ့ပါသည္။ ၎ေနာက္ တက္ေရာက္လာၾကေသာ ခရိုင္ၿမိဳ႕နယ္မ်ားမွ လုပ္ငန္းေဆာင္ရြက္ထားရွိမႈမ်ားႏွင့္ ဆက္လက္ေဆာင္ရြက္မည့္ လုပ္ငန္းမ်ားကို ခရိုင္ၿမိဳ႕နယ္အလိုက္ ေဆြးေႏြးတင္ျပၾကေၾကာင္း သိရွိရပါသည္။

********************

ဗဟိုလူငယ်ရေးရာတာဝန်ခံနှင့် တွေ့ဆုံပွဲပြုလုပ်ကျင်းပ
=============================
တောင်ကြီး ဒီဇင်ဘာ ၁၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ပြည်နယ်ပါတီရုံး အစည်းအဝေးခန်းမ၌ ( ၁၁. ၁၂. ၂၀၂၃ ) ရက်နေ့ နံနက် ( ၁၀:၀၀ ) နာရီအချိန်မှ နေ့လည် ( ၁၂:၃၀ ) နာရီအချိန်ထိ ပါတီဗဟိုအလုပ်အမှု​ဆောင်အထက်မြန်မာပြည်(လူငယ်ရေးရာတာဝန်ခံ) ဒေါက်တာအောင်မြတ်ဦး၊ ဗဟိုအလုပ်အမှုဆောင် အောက်မြန်မာပြည် (လူငယ်ရေးရာတာဝန်ခံ) ဒေါ်သိင်္ဂီဝင်းရွှေ တို့သည် ပြည်နယ်ပါတီဥက္ကဋ္ဌ ဦးစိုင်းလုံကျော်၊ ပြည်နယ် ခေတ္တအတွင်းရေးမှူး ဦးစိန်လေးမောင် ၊လူငယ်ရေးရာ တာဝန်ခံ ဦးစောထွန်းခိုင်နှင့်ပြည်နယ်ပါတီကော်မတီဝင်များ၊ တောင်ကြီးခရိုင်၊ နန့်စန်ခရိုင်၊ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရေဒေသမှ ပါတီဥက္ကဋ္ဌနှင့်ကော်မတီဝင်များ၊တောင်ကြီးမြို့နယ်၊ရပ်စောက်မြို့နယ်၊ကလောမြို့နယ်တို့မှ ပါတီဥက္ကဋ္ဌနှင့် ကော်မတီဝင်များ စုစုပေါင်အင်အား(၂၇)ဦးနှင့် လူငယ်ရေးရာကိစ္စရပ်များနှင့်ပတ်သက်ပြီး တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။
ဆွေးနွေးပွဲတွင် ဒေါက်တာအောင်မြတ်ဦးမှ လက်ရှိနိုင်ငံရေးအခြေအနေနှင့် လူငယ်များအကြောင်း၊ အစိမ်းရောင်စီမံချက်နှင့် ပတ်သတ်သည့် ရည်ရွယ်ချက် ၊ ရည်မှန်းချက်များ၊လုပ်ငန်းလုပ်ဆောင်ရမည့် အချက်အလက်များကို အသေးစိတ် ရှင်းလင်းဆွေးနွေးပြီး ဒေါ်သိင်္ဂီဝင်းရွှေ မှ ပါတီအကြီးအကဲများ​၏ လုပ်ငန်းလမ်းညွှန်ချက်၊ ၎င်းလုပ်ငန်းကို ဦးတည်အုပ်စုနှင့် အလွှာလိုက် အင်အားထားရှိပြီး ဆောင်ရွက်ရန် ၊ Key Performance Index Chack List ( K P I ) နှင့်ပတ်သက်သည့်အချက်အလက်များ ဆောင်ရွက်ပြီးစီးသည့်မြို့နယ်များကိုစိစစ်ခဲ့ပြီး ( KPI) အားအသေးစိတ် ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ ၎င်းနောက် တက်ရောက်လာကြသော ခရိုင်မြို့နယ်များမှ လုပ်ငန်းဆောင်ရွက်ထားရှိမှုများနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများကို ခရိုင်မြို့နယ်အလိုက် ဆွေးနွေးတင်ပြကြကြောင်း သိရှိရပါသည်။