ဘိုကလေးမြို့နယ်ပြည်ခိုင်ဖြိုးပါတီဗုဒ္ဓဓမ္မပရဟိတ ဖောင်ဒေးရှင်းနှင့်ပူးပေါင်း လေဘေးသင့်ပြည်သူများကိုလှူဒါန်းငွေပေးအပ်

 

ဘိုကလေး စက်တင်ဘာ ၆

ဧရာဝတီတိုင်းဒေသကြီး ဖျာပုံ ခရိုင် ဘိုကလေးမြို့နယ် ဆတ် ကျွန်း ကျေးရွာအုပ်စု ဆတ်ကျွန်း ကျေးရွာတွင် သြဂုတ် ၂၇ ရက်က လေပြင်းတိုက်ခတ်မှုကြောင့်လူနေ အိမ်ခြောက်လုံး ပျက်စီးဆုံးရှုံးခဲ့ သည်။

အဆိုပါ ပျက်စီးဆုံးရှုံးသွား သောလူနေအိမ်များမှ မိသားစုဝင် များအတွက် မြို့နယ်အမျိုးဘာသာ သာသနာကာကွယ်စောင့်ရှောက် ရေး ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်း ဆရာတော်များနှင့်မြို့နယ်ပြည်ခိုင် ဖြိုးပါတီတို့ ပူးပေါင်းကာအလှူငွေ စုစုပေါင်း ငွေကျပ် ၂၄ဝဝဝဝ ကို ယနေ့နံနက် ၁၁ နာရီတွင် ကျေးရွာ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ပေး အပ်လှူဒါန်းကြောင်း သိရသည်။

မေလေး