ရန်ကုန်အရှေပိုင်းခရိုင် မြောက်ဥက္ကလာပမြို့နယ် ပြည်ခိုင်ဖြိုးပါတီ မြို့နယ်ပါတီပုံမှန်အစည်းအဝေး ကျင်းပ

 

၉ – ၄ – ၂၀၁၈ ရက်နေ့ နေလည် ၁း၃၀ နာရီတွင် ရန်ကုန်အရှေပိုင်းခရိုင် မြောက်ဥက္ကလာပမြို့နယ် ပြည်ခိုင်ဖြိုးပါတီ မြို့နယ်ပါတီပုံမှန်အစည်းအဝေးကို ကျင်းပရာ ပါတီဥက္ကဌ ဦးခင်မောင်မြင့်၊ အတွင်းရေးမှူးး ဦးဝင်းကြိုင်၊ ဘဏ္ဍာရေးမှူးး ဦးသန်းထိုက်၊ စည်းရုံးရေးရာ တာဝန်ခံဦးသန်းဦး၊ တွဲဖက် စည်းရုံးရေးရာတာဝန်ခံ ဒေါ်သင်းသင်းကြူ ၊ စီမံရေးရာတာဝန်ခံ ဦးကျော်မင်း၊ ပါတီစည်းကမ်းထိမ်းသိမ်းရေးနှင့်အလုပ်သမားရေးရာတာဝန်ခံ ဦးအောင်ဝင်း၊ စီးပွါးရေးရာတာဝန်ခံ ဦးမျိုးဝင်း၊ လူငယ်ထုတာဝန်ခံ ဦးအေးမင်းဇော်တို့ တက်ရောက်ကြပါသည်။ အစည်းအဝေးအား နေလည် ၂း၄၅ အချိန်တွင်အောင်မြင်စွာပြီးမြောက်ပါသည်။
ဆက်လက်ပြီး နေလည် ၃း၀၀ နာရီတွင် မြို့နယ်ပါတီကော်မတီနှင့် ၁၉ /ရပ်ကွက်ရှိ ပါတီဥက္ကဌများ၊ အမျိုးးသမီးရေးရာတာဝန်ခံများ၊ လူငယ်တာဝန်ခံများ စုစုပေါင်းအင်အား ၇၂ ဦး တို့သည် မြို့နယ်ပါတီရုံးခန်းမတွင် အစည်းအဝေး ကျင်းပပြုလုပ်ကြရာ ယင်းအစည်းအဝေးသည် ညနေ ၄း၄၅ နာရီတွင် ပြီးမြောက်ပါသည်။ အစည်းအဝေးအပြီးတွင် ခ/ရပ်ကွက်ရှိ ယခင်စည်းရုံးရေးမှူးး ဦးထွန်းသိန်းအား စုပေါင်းထောက်ပံ့ငွေ ၁၃၀၀၀၀/ ကျပ်တိတိကို ယင်းနေထိုင် ခ/ရပ်ကွက်သွားရောက်ပေးအပ်၍ ကျမ္မာရေး ပြန်ကောင်းမွန်စေရန် အားပေးစကား ပြောကြားကြပါသည်။